ရိုးရိုး တီရှပ်ထက် ၃၀% အထိ ဈေးပိုကြီးဖို့ရှိပါတယ်။

စကာၤပူနိုင်ငံက startup တစ်ခုနဲ့အထည်ချုပ်ကုမ္ပဏီတစ်ခုတို့ပူးပေါင်းပြီး စမတ်တီရှပ်တွေကို လာမယ့်နှစ်လယ်ပိုင်းမှာ ထုတ်လုပ်ရောင်းချသွားဖို့စီစဉ်နေပါတယ်။

20181203_kctrack.jpg

Photo: Today Online

 

နောက်နှစ်ထဲ ဈေးကွက်ဝင်လာမယ့် စမတ်တီရှပ်ဟာ မိုဘိုင်းလ်ဖုန်း app တစ်ခုနဲ့ချိတ်ဆက်ပြီး ဝတ်ဆင်ထားသူရဲ့ နှလုံးခုန်နှုန်း ၊ ကယ်လိုရီ လောင်ကျွမ်းမှု စတာတွေအပြင် ရေဓါတ်ခမ်းပြီး နွမ်းနယ်နေပြီလားဆိုတာပါ ကြည့်ရှုနိုင်မှာပါ။

တီရှပ်ထဲမှာ ကာဗွန်အီလက်ထရုဒ်ပြားငယ် တစ်ခုပါရှိပြီး တီရှပ်အတွင်းလွှာထဲမှာ ဝှက်ထားမှာ ဖြစ်ပါတယ်။ ကာဗွန်အီလက်ထရုဒ်ပြားရဲ့ အာရုံခံစနစ်ကနေ လူ့ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေကို ကြည့်ရှုနိုင်မှာပါ။

ဒီကာဗွန်အီလက်ထရုဒ်ပြားနဲ့ချိတ်ဆက်ထားတဲ့ bluetooth sensor ဟာ ခန္ဓာကိုယ်က ပြတဲ့ အချက်အလက်တွေကို ဖုန်း app ကို ပေးပို့နေမှာ ဖြစ်ပါတယ်။ အီလက်ထရုဒ်တွေကိုတော့ သိပ္ပံ ၊ နည်းပညာနဲ့သုတေသနအေဂျင်စီ A*STAR ရဲ့ SIMTech နည်းပညာနဲ့ထုတ်လုပ်ထားတာပါ။ သုံးထားတဲ့ ပစ္စည်းကလည်း တာရှည်ရေလျှော်နိုင်မယ်လို့ဆိုပါတယ်။

 

စကာၤပူ startup တစ်ခု ဖြစ်တဲ့ KaHa နဲ့အထည်ချုပ်ကုမ္ပဏီ Tex Line တို့ကနေ ထုတ်လုပ်ထားတဲ့ ဒီစမတ်တီရှပ်ကို ထုတ်လုပ်ဖို့အတွက် ဆရာဝန်တွေ ၊ ဆေးရုံတွေနဲ့သုတေသနအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

နမူနာ စမတ်တီရှပ်တွေကိုတော့ ဒီဇင်ဘာ ၂ ရက်နေ့က နှစ်စဉ်ကျင်းပနေတဲ့ one-north Run တာဝေးပြေး ပြိုင်ပွဲမှာ အပြေးသမား ၁၀၀ ခန့်မှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။

Photo: Channel News Asia



လူ ၂၅၀၀ ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲမှာ စမတ်အကျီ ၤဝတ်ပြိုင်တဲ့ အန်ဒရီရန်မော့ခ်က "ECG ရိုက်တာကတော့ အတော်လေးကို တိကျမှု ရှိပါတယ်။ အကျီ ၤကနေ နှလုံးခုန်အပြောင်းအလဲကိုလည်း တိုက်ရိုက်ဖမ်းယူနိုင်ပါတယ်။ သက်တောင့်သက်သာလည်း ရှိပါတယ်။ ဒီထုတ်ကုန်နဲ့ပတ်သက်ပြီး အတော်လေး အလားအလာရှိမှာပါ။"လို့မှတ်ချက်ပြုပါတယ်။

၂၀၁၉ နှစ်လယ်မှာတော့ ဒီစမတ်အကျီ ၤကို ဈေးကွက်မှာ ရောင်းချသွားမှာ ဖြစ်ပြီး ရိုးရိုး အားကစားဝတ်စုံထက် ၂၀% ကနေ ၃၀% ခန့်ဈေးပိုကြီးဖို့ရှိပါတယ်။



က္က