5G ကွန်ရက်ပေါ်ကနေ လှမ်းချိတ်ဆက်ပြီး ထိန်းချုပ်မှာပါ

ကမ္ဘာကျော် သိပ္ပံဇာတ်ကား Avatar ထဲက လိုမျိုး အဝေးမှာ ရှိတဲ့ စက်ရုပ်ကို လူနဲ့လှမ်းထိန်းနိုင်တဲ့ humanoid တစ်မျိုးကို Toyota ကားကုမ္ပဏီက မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။



20181129-02-02-en-1543598157.png

Photo: newsfeeds

 

လူတစ်ယောက်ရဲ့ အရွယ်အစား ရှိတဲ့ ဒီစက်ရုပ်ကို T-HR31 လို့နာမည်ပေးထားပြီး 5G ကွန်ရက်နည်းပညာသစ်ကြောင့် ပျမ်းမျှ ၆ မိုင်လောက် အကွာအထိ လှမ်းပြီး ဆက်သွယ်နိုင်မယ်လို့ဆိုပါတယ်။ T-HR31 ကို VR headset နဲ့လူထိန်း Master Maneuvering System စနစ်ကို သုံးပြီး လူသား operator တစ်ယောက်ကနေ ဆက်သွယ် ခိုင်းစေနိုင်မှာပါ။

ဒီအတွက်ကြောင့် လူနဲ့စက်ရုပ်ဟာ တစ်သားတည်း ချိတ်ဆက်ပြီး လူလက် လှုပ်သလို စက်ရုပ်ကလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ VR headset ကနေ တစ်ဆင့် လူဟာ စက်ရုပ်ရောက်နေတဲ့ နေရာ နဲ့လှုပ်ရှားမှုတွေကို သုံးဖက်မြင်တိုက်ရိုက်မြင်နိုင်မှာပါ။

Toyota ဟာ ဒီအဝေးထိန်းစက်ရုပ်နဲ့မိုင်များစွာ အကွာကနေ လှမ်းပြီး ချိတ်ဆက်နိုင်ဖို့ဂျပန်တယ်လီကွန်းကုမ္ပဏီ Docomo ရဲ့ 5G နည်းပညာကို အသုံးပြုသွားမယ်လို့ဆိုပါတယ်။ တတိယမျိုးဆက်ဖြစ်တဲ့ T-HR3 တွေဟာ မတူညီတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း ၂၉ ခု တပ်ဆင်ထားပါတယ်။

 

ဒီအစိတ်အပိုင်းကိုတော့ မော်တာတွေ ၊ ဂီယာတွေနဲ့လည်ပတ်မှုသိ အာရုံခံစနစ်တွေကနေ တစ်ဆင့် ကုလားထိုင်ပေါ် ထိုင်နေတဲ့ လူနဲ့ချိတ်ဆက်နိုင်မှာပါ။ ခုံပေါ်မှာလည်း master controls အထိန်းစနစ် ၁၆ ခု တပ်ဆင်ထားပြီး ဒီကနေမှ လူဟာ အဝေးရောက် စက်ရုပ်ကို တိုက်ရိုက်ခိုင်းစေနိုင်မှာဖြစ်ပါတယ်။

ဒီနည်းပညာကို ဖန်တီးထားတဲ့ ပညာရှင်တွေကတော့ လူတွေအနေနဲ့အိမ်မှာ ၊ ဆေးခန်းမှာအပြင် တစ်ချိန်ချိန်မှာ အာကာသထဲကနေပြီး စက်ရုပ်တွေကို လှမ်းခိုင်းနိုင်ဖို့လို့ဆိုပါတယ်။

အရင်တစ်နှစ်က Toyota T-HR3 ဟာ တိုက်ရိုက် ကြိုးနဲ့ချိတ်ဆက်တဲ့ wired ဆက်သွယ်ချက်မှာပဲ အလုပ်လုပ် ထိန်းချုပ်နိုင်ခဲ့တာပါ။ "ဒီတစ်ကြိမ်မှာတော့ လက်တွေ့ကျတဲ့ ပတ်ဝန်းကျင်မှာ အသုံးပြုနိုင်အောာင် အဆင့်မြှင့်တင်ထားမှုနဲ့အတူ T-HR3 ဟာ ကြိုးမဲ့ ထိန်းချုပ်စနစ်ကို အောင်အောင်မြင်မြင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်" လို့Toyota က သတင်းထုတ်ပြန်ပါတယ်။

Photo: Tech Crunch

 

Toyota ဟာ ဒီနည်းပညာကို နောက်တစ်ပတ်မှာ ကျင်းပမယ့် DOCOMO Open House 2018 ပွဲမှာ သရုပ်ပြသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က