လူ့စွမ်းအားအညွှန်းကိန်းကတော့ ၆% ပဲ တက်လာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ eGovernment ဖွံ့ဖြိုးမှု အညွှန်းကိန်းအရ အာဆီယံ ၁၀ နိုင်ငံမှာ အဆင့် ၉ မှာ ရှိနေတယ်လို့ဆိုပါတယ်။



20181127_083624_1280x720.jpg

Photo: Duwun Tech

 

နိုဝင်ဘာ ၂၇ ၊ ၂၈ နှစ်ရက်က နေပြည်တော် MICC - 2 မှာ ကျင်းပတဲ့ E-Government Conference & ICT Exhibition ပွဲမှာ နိုင်ငံတော်ဒုသမ္မတရဲ့ မိန့်ခွန်းမှာ မြန်မာနိုင်ငံရဲ့ eGovernment အညွန်းကိန်းဟာ ၂ နှစ်အတွင်း အဆင့် ၁၂ ဆင့် မြင့်တက်လာခဲ့တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂဟာ eGovernment ဖွံ့ဖြိုးမှုကို အွန်လိုင်း ဝန်ဆောင်မှုများ အညွှန်းကိန်း ၊ တယ်လီကွန်း ဆက်သွယ်ရေး အညွန်းကိန်းနဲ့လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတွေနဲ့တိုင်းတာတွက်ချက်ပြီး မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ အဆင့် ၁၅၇ မှာ ရှိနေတယ်လို့ဆိုပါတယ်။ Government ဖွံ့ဖြိုးမှုဟာ နိုင်ငံရဲ့ တိုးတက်မှုကို တိုင်းတာနိုင်တဲ့ development indicator တစ်ခု ဖြစ်ပြီး ၂၀၁၆ ခုနှစ်က နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ အဆင့် ၁၆၉ ဆင့်မှာ ရှိခဲ့တာပါ။

“ဒီဂျစ်တယ်မြန်မာသို့လမ်းစဉ်” ခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာတော့ တယ်လီကွန်းဆက်သွယ်မှု အဆ ၃၀၀ တက်လာခဲ့ပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံအသိုင်းအဝိုင်းမှာ eGovernment တိုးတက်မှုအနည်းဆုံး ၃ နိုင်ငံမှာ ပါဝင်နေဆဲ ဖြစ်တယ်လို့ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ e-Government အခြေခံ အဆောက်အဦ၊ စနစ်၊ ပုံစံနှင့် ဒီဇိုင်း ဆပ်ကော်မတီ ဥက္ကဌ ဦးစိုးသိန်းက ဆိုပါတယ်။

"အာဆီယံဒေသတွင်း နှိုင်းယှဉ်လို့ရှိရင်တော့ နောက်ဆုံးသုံးနိုင်ငံမှာ ဘယ်သုံးနိုင်ငံက ပတ်ချာလည်သွားနေလဲဆိုတော့ CLM လို့ခေါ်တာပေါ့။ ကမ္ဘောဒီးယား ၊ လာအိုနဲ့မြန်မာ။ နောက်ဆုံးမှာ ဒီ ၃နိုင်ငံက ပတ်လည်သွားနေတာပေါ့။ လက်ရှိ ၂၀၁၈ မှာတော့ မြန်မာနိုင်ငံက အာဆီယံ ၁၀ နိုင်ငံမှာ အဆင့် ၉ နေရာကို ရောက်နေတဲ့ အနေအထားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။

Photo: Duwun Tech

 

eGovernment Index အနေနဲ့အွန်လိုင်းဝန်ဆောင်မှုအညွှန်းကိန်းမှာ ၂၀၁၆ ခုနှစ်ကထက် ၄၀% ခန့်တိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။ အညွှန်းကိန်းမှာ ၁ မှတ်ပေးရာမှာ ၂၀၁၆ က ဝ.၁၅ မှတ်ရခဲ့ရာကနေ ၂၀၁၈ မှာ ဝ.၂၂၉ တက်လာခဲ့တာပါ။မြန်မာနိုင်ငံရဲ့ တယ်လီကွန်းအခြေခံအဆောက်အဦ အညွှန်းကိန်းမှာ ၃၀၀% တိုးတက်လာခဲ့ပေမယ့် လူ့စွမ်းအားအညွှန်းကိန်းမှာတော့ ၆% ပဲ တက်လာခဲ့တယ်လို့ကြေငြာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က