သူ့မှာ follower ၁၇ သန်းကျော် ရှိပါတယ်

ငွေဇွန်းကိုက်ပြီး မွေးတဲ့သူတောင် သူ့လောက် ငွေရှာကောင်းမှာ မဟုတ်ပါဘူး။ ၂၀၁၈ တစ်နှစ်တည်းကိုပဲ ဒီကလေးက သူ့အစွမ်းအစနဲ့YouTube မှာ ဒေါ်လာ ၂၂ သန်း ရှာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo: ET Canada

 

Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး YouTube ဗွီဒီယိုဘလော့ဂါ ၁၀ ဦးမှာ အသက် ၇ နှစ်ပဲ ရှိသေးတဲ့ ရိုင်ယန်ဟာ ဝင်ငွေအကောင်းဆုံး နံပါတ် ၁ ပါ။ ဒီကလေးငယ်ဟာ အသက် ၃ နှစ်သား စကားစ ပြောတတ်ကတည်းက YouTube နဲ့ပိုက်ဆံရှာလာတဲ့ သူဆိုလည်း မမှားပါဘူး။ သူ့အသက် ၃ နှစ်မှာ ပထမဆုံးအကြိမ် YouTuber ပေါ်ကနေ ဝယ်လာတဲ့ ကစားစရာ အရုပ်လေးတွေကို Review လုပ်ခဲ့တာပါ။

Ryan ToysReview မှာ သူ့review ကို ပုံမှန်ကြည့်ဖို့subscribe လုပ်ထားတဲ့ followers ပေါင်း ၁၇.၃ သန်း ရှိပါတယ်။ ၂၀၁၅ ခုနှစ် မတ်လကစပြီး Ryan ToysReview မှာ အရုပ် review ဝင်ကြည့်တဲ့ အကြိမ်ရေကတော့ သန်းပေါင်း ၂၅၀၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ၂၀၁၈ ဝင်ငွေဖြစ်တဲ့ ဒေါ်လာ ၂၂ သန်းထဲက ဒေါ်လာ ၁ သန်းဟာ ကြော်ငြာဝင်ငွေကနေ လာပြီး ကျန်တာက sponsor လုပ်ထားတဲ့ ပို့စ်တွေကနေ ဝင်တာပါ။

ရိုင်ယန်နဲ့အနီးဆုံး ဝင်ငွေ အမြင့်ဆုံး YouTuber ဂျက်ပေါက ဒေါ်လာာ ၂၁.၅ သန်းနဲ့ဒုတိယဝင်ငွေအကောင်းဆုံး နေရာမှာ ရှိပြီး ဒီနှစ်ထဲမှာ ပြဿနာတွေ တက်ခဲ့တဲ့ နာမည်ကြီး YouTuber PewDiePie ကတော့ ဒေါ်လာ ၁၅.၅ သန်းနဲ့အဆင့် ၉ နေရာမှာ ရှိနေပါတယ်။ ၇ နှစ်သား ရိုင်ယန်လေးဟာ ဒီနှစ်ထဲမှာ ဝင်ငွေအမြင့်ဆုံး တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

YouTube မှာ နာမည်ကြီးလာပြီးနောက် Walmart လိုနာမည်ကျော် စတိုးမှာ Royan's World နာမည်နဲ့အရုပ်နဲ့အဝတ်အစားသီးသန့်အရောင်းဌာနဖွင့်လှစ်ခဲ့သလို Walmart စတိုးတစ်ခုမှာ ရိုင်ယန်နဲ့သူ့မိဘတွေ အရုပ်တွေ လာရှာတဲ့ ဗွီဒီယိုကလည်း ၃ လအတွင်း ကြည့်ရှုတဲ့ အကြိမ်ရေ ၁၄ သန်းကျော်သွားခဲ့ပါတယ်။

ရိုင်ယန်ရဲ့ ဝင်ငွေထဲက ၁၅% ကို ဘဏ်အကောင့်တစ်ခုထဲ ဖွင့်လှစ်ထားပြီး အရွယ်ရောက်တာနဲ့ထုတ်ခွင့်ပေးထားပါတယ်။ ရိုင်ယန်ရဲ့ အမြွှာညီမနှစ်ဦးကလည်း Ryan's Familuy Review လို့ခေါ်တဲ့ YouTube ချန်နယ်တစ်ခုမှာ ပါဝင်ထားပြီး သူတို့ပါဝင်တဲ့ ကလေးများအတွက် အိမ်မှာ လုပ်ဆောင်နိုင်တဲ့ သိပ္ပံလုပ်ဆောင်ချက် ၁၀ ခု ဗွီဒီယိုဟာ ကြည့်ရှုတဲ့ အကြိမ်ရေ ၂၆ သန်း ကျော်နေပြီ ဖြစ်ပါတယ်။

Photo: tubefilter

 

ရိုင်ယန်လေးကြောင့် ချမ်းသာလာပြီးနောက် သူ အထက်တန်းကျောင်း သိပ္ပံဘာသာရပ်သင်နေတဲ့ ကျောင်းဆရာမ သူ့အမေ လိုရန်ဟာ အလုပ်က ထွက်ပြီး သူ့သားလေးရဲ့ ဗွီဒီယိုတွေကို YouTube မှာ တင်တဲ့ အလုပ်ကိုပဲ လုပ်နေပြီ ဖြစ်ပါတယ်။



က္က