Made In Africa စပါပြီ
Nyein Min Wai

ရဝမ်ဒါနိုင်ငံက Mara Group ဟာ Made in Africa လို့တံဆိပ်တပ်နိုင်မယ့် အာဖရိကတိုက်ရဲ့ ပထမဆုံး စမတ်ဖုန်းနှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

ကီဂါလီ အထူးစီးပွားရေးဇုံက Mara Group ရဲ့ စက်ရုံဟာ Mara Phones ဖုန်းတွေအတွက် ကိုယ်ပိုင် chips အပြင် ဖုန်းတစ်လုံးမှာ သုံးတဲ့ ပစ္စည်းအစိတ်အပိုင်းငယ်ပေါင်း ၁၀၀၀ ကျော်ပါ ထုတ်လုပ်တာပါ။ ဒီထုတ်လုပ်ထားတဲ့ ပစ္စည်းအစိတ်အပိုင်းတွေကိုမှ အီဂျစ် ၊ အီသီယိုးပီးယား ၊ အယ်လ်ဂျီးရီးယား နဲ့တောင်အာဖရိကတို့မှာ တပ်ဆင်တာ ဖြစ်ပါတယ်။

Photo: medium

ကိုယ်ပိုင်စက်ရုံနဲ့ထုတ်ထားတာ ဖြစ်လို့ကုန်ကျစရိတ် လျှော့ချနိုင်သလို Local Users တွေရဲ့ လိုအပ်ချက်အတိုင်း ပြုပြင် ထုတ်လုပ်နိုင်မှာပါ။ ဒီစက်ရုံဟာ ဒေါ်လာ ၂၄ သန်း အကုန်အကျခံတည်ဆောက်ထားတယ်လို့Reuters သတင်းက ဆိုပါတယ်။

လက်ရှိမှာ စက်ရုံလုပ်သား ၂၀၀ ခန့်အပ်ထားပြီး တစ်နေ့ကို သုံးဆိုင်းအလှည့်ကျ ထုတ်လုပ်နိုင်တာနဲ့ဒီစက်ရုံဟာ အလုပ်အကိုင်ပေါင်း ၆၅၀ ကျော် ပေးနိုင်မယ်လို့Mara Phones ရဲ့ Country Manager အက်ဒီဆီဘာရားက ပြောပါတယ်။ လက်ရှိမှာ Mara Phones စက်ရုံဟာ တစ်နေ့ကို တစ်ဆိုင်းနှုန်းနဲ့နေ့စဉ် ဖုန်းအလုံးရေ ၁၂၀၀ ထုတ်လုပ်နေပြီး အလုပ်ဆိုင်း ၃ ဆိုင်းအပြောင်းမှာ တစ်နှစ်အတွင်း စမတ်ဖုန်း ၁ သန်းကျော် ထုတ်လုပ်နိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

Photo: myjoyonline

Mara Phones ကနေ ပထမဆုံး ထုတ်ထားတဲ့ မော်ဒယ်ဟာ Google Android စနစ်သုံး Mara X နဲ့Mara Z တို့ဖြစ်ပြီး Mara X ကို ရဝမ်ဒန်ဖရန့်စ်ငွေ ၁၂၀၂၅၀ ( ဒေါ်လာ ၁၃၀ ) နဲ့Mara Z ကို ရဝမ်ဒါဖရန့်စ်ငွေ ၁၇၅၇၅၀ ( ဒေါ်လာ ၁၉၀) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ ဥရောပဈေးကွက်ပါ ဖြန့်သွားမယ့် ဒီဖုန်းတွေကို ဒေသတွင်းနဲ့အာဖရိကဈေးကွက်တွေမှာပါ ရောင်းချသွားဖို့ရှိပါတယ်။

Mara Group အနေနဲ့အန်ဂိုလာ ၊ ကင်ညာနဲ့ကွန်ဂိုုနိုင်ငံတွေမှာလည်း ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို တင်ပို့ဖို့အတွက် မိတ်ဘက်ကုမ္ပဏီတွေနဲ့စကားပြောနေတယ်လို့ဆိုပါတယ်။


က္က