ရုပ်ရှင်အကြောင်း မသိရသေးပါဘူး

NASA ဟာ ကမ္ဘာကျော်ရုပ်ရှင်မင်းသား တွမ်ခရုစ်ဇ်ရဲ့ အာကာသထဲ ရိုက်ကူးမယ့် ပထမဆုံးရုပ်ရှင်မှာ ပူးပေါင်းထားတယ်လို့ ဆိုပါတယ်။

ပရောဂျက်အကြောင်း အသေးစိတ် မသိရပေမယ့် တွမ်ခရုစ်ဇ်ရဲ့ ရုပ်ရှင်ဟာ နိုင်ငံတကာအာကာသစခန်း ISS မှာ ရိုက်ကူးမှာ ဖြစ်တယ်လို့ NASA အုပ်ချုပ်ရေးမှူး ဂျင်မ်ဘရိုင်ဒန်စတိုင်းက ပြောပါတယ်။ "NASA ဟာ တွမ်ခရုစ်ဇ်နဲ့ လက်တွဲပြီး အာကာသစခန်းမှာ ရုပ်ရှင်ရိုက်ဖို့ စိတ်လှုပ်ရှားနေပါတယ်" လို့ ဂျင်မ်ဘရိုင်ဒန်စတိုင်းက Twitter မှာ ရေးသားထားပါတယ်။

Photo: geekwire

ဒီရက်ပိုင်းအတွင်းမှာ SpaceX အာကာသယာဉ်ကုမ္ပဏီ ပိုင်ရှင် အီလွန်မတ်စ်ဟာ တွမ်ခရုစ်ဇ်နဲ့ တွဲပြီး အာကာသထဲ ထွက်ပြီး ရုပ်ရှင်တစ်ကား ရိုက်ကူးမယ်လို့ သတင်းထွက်ခဲ့တာပါ။ နှစ်ဘက် ကိုယ်စားလှယ်တွေအနေနဲ့ ဒီအကြောင်းကို မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပါဘူး။ ဘရိုင်ဒန်စတိုင်းရဲ့ Tweet ကိုတော့ ပျော်စရာ ဖြစ်မယ်လို့ မတ်စ်က ပြန်ရေးထားပါတယ်။

NASA အနေနဲ့ အသေးစိတ်အချက်အလက်တွေ မျှဝေခြင်း မရှိသေးပေမယ့် ဒီရုပ်ရှင်ဟာ Mission:Impossible ရုပ်ရှင်သစ်တော့ မဟုတ်ဘူးလို့ The Onion ကို ဆိုပါတယ်။ တွမ်ခရုစ်ဇ်ဟာ ၂၀၁၃ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Oblivion ရုပ်ရှင်ကားမှာ အာကာသယာဉ်မှူးအဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အာကာသပြင်ပမှာ ပထမဆုံး ရိုက်ကူးတဲ့ နောက်ခံစကားပြော ရုပ်ရှင်ဖလင်ဖြစ်လာမှာပါ။ 

Photo: Tech Crunch

ရုပ်ရှင်ရိုက်ကူးမယ့်ရက် မသိရသေးပေမယ့် နိုင်ငံတကာအာကာသစခန်းထဲ SpaceX ရဲ့ Crew Dragon အာကာသယာဉ် ပထမအသုတ်လွှင့်တင်မယ့်ရက်ကိုတော့ မေလ ၂၇ ရက်နေ့ သတ်မှတ်ထားပါတယ်။ SpaceX အာကာသယာဉ်မှာ လူ ၇ ဦး လိုက်ပါနိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ NASA ဟာ နိုင်ငံတကာအာကာသစခန်းကို ပုဂ္ဂလိက နဲ့ လွတ်လပ်တဲ့ အာကာသယာဉ်မှူးများ အသုံးပြုခွင့်ပေးဖို့ အစီအစဉ်ချမှတ်ထားပါတယ်။ 

ISS မှာ ရှိတဲ့ အိမ်သာနဲ့ အသက်ကယ်ပစ္စည်း အသုံးပြုခွင့်ဟာ တစ်နေ့ကို ၁၁၂၅၀ ဒေါ်လာ ကျသင့်ပြီး ယာဉ်မှူးတွေအတွက် Crew supplies ငှားခဟာ တစ်နေ့ကို ဒေါ်လာ ၂၂၅၀၀ အထိ ကျသင့်မယ်လို့ ဆိုပါတယ်။ အာကာသမှာ ရုပ်ရှင်ရိုက်ကူးတဲ့ အစီအစဉ်ဟာ အီလွန်မတ်စ် ပြောသလို ပျော်စရာကြီး ဖြစ်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က