Twitter ဟာ COVID-19 သတင်းအချက်အလက်မှားတွေ တင်ထားတဲ့ Tweet တွေကို label သစ်တွေနဲ့ မှတ်သားမှုသွားမယ်လို့ ဆိုပါတယ်။

Tweet တစ်ခုဟာ COVID-19 အချက်အလက်အလွဲတွေ နဲ့ အတည်မပြုနိုင်တာတွေ ပါလာတာနဲ့ Twitter ကနေ label တွေနဲ့ mark လုပ်သွားမှာ ဖြစ်ပြီး ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေဆီ ညွှန်းသွားမယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။ တိကျသေချာတဲ့ သတင်းတွေ ပျံ့နှံ့စေဖို့အတွက် Twitter ဟာ အငြင်းပွားဖွယ်ရှိပြီး အထင်အမြင်လွဲမှားစရာ သတင်းအချက်အလက်တွေ ပါဝင်တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆိုင်တဲ့ Tweet တွေကို သတိပေးမက်ဆေ့တွေ ပေးပို့သွားမှာပါ။



Photo: The Verge

အချက်အလက်အမှား တင်တဲ့ Tweet တွေရဲ့ အောက်မှာ Twitter ဟာ ယုံကြည်ထိုက်တဲ့ ပြင်ပသတင်းအရင်းအမြစ်တစ်ခုခု ဒါမှမဟုတ် Twitter ကနေ စုစည်းထားတဲ့ ပေ့ချ်တစ်ခုခုကို လင့်ခ်ပြန်ညွှန်းပေးမှာ ဖြစ်ပါတယ်။ Twitter အနေနဲ့ ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူတွေဆီက COVID-19 လမ်းညွှန်ချက်နဲ့ ကွဲလွဲဆန့်ကျင်နေတဲ့ Tweet တွေကိုလည်း သတိပေးသွားဖွယ် ရှိတယ်လို့ ဆိုပါတယ်။

သတိပေးတဲ့ Twitter ရဲ့စာဟာ သုံးစွဲသူရဲ့ tweet ကို ဖုံးလွှမ်းထားမှာ ဖြစ်ပါတယ်။ တင်တဲ့သူရဲ့ မူရင်း Tweet ကို ကြည့်ချင်ရင်တော့ View ကို Click ပြီးမှ ဝင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ Twitter အနေနဲ့ အထင်အမြင်လွဲမှားစေတဲ့ သတင်းအချက်အလက်တွေကို label တပ်ပြီး ဖယ်ရှားသွားမှာပါ။ အငြင်းပွားစရာအချက်အလက်တွေဆိုရင် Lable တပ်ပြီး သတိပေးမှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အခုအစီအစဉ်ဟာ ပြီးခဲ့တဲ့ မတ်လထဲမှာ လုပ်ဆောင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး နောက်ပြောင်ကျီစယ်မှုနဲ့ သတင်းတုဖြန့်မှုတွေကို ဖယ်ရှားဖို့ လုပ်ဆောင်ခဲ့တဲ့ မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ Twitter ဟာ ဒီနှစ် ဖေဖော်ဝါရီလထဲမှာ လိုရာဆွဲပြုပြင်ဖော်ပြမှုတွေ ပါဝင်တဲ့ Tweet တွေကို lable တပ်မှု စတင်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က