loading...

loading...

loading...

ရှင်းလင်းရေးအစီအစဉ်တွေ လာပြီ
Nyein Min Wai

Twitter ပေါ် မရောက်တာ ကြာနေရင်တော့ အကောင့် အဖျက်ခံရမယ့်ကိန်း ဆိုက်နေပြီ ဖြစ်ပါတယ်။


တကယ်လို့ သင်ဟာ Twitter မသုံးဖြစ်တာ ကြာပြီဆိုရင် လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့က စပြီး အကောင့်ရှင်းလင်းရေးထဲ ပါသွားနိုင်ပါတယ်။ The Verge ရဲ့ Twitter စာမျက်နှာပေါ်က သတင်းတစ်ပုဒ်အရ Twitter ကုမ္ပဏီဟာ Inactive ဖြစ်နေတဲ့ အကောင့်တွေကို အီးမေးလ်ပို့ထားတယ်လို့ ဆိုပါတယ်။


Photo: BBC

ဒီမေးလ်ထဲမှာတော့ ၆ လကျော်လောက် Twitter အကောင့်ထဲ Sign In ဝင်မထားတဲ့သူတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့က စလို့ ဖယ်ရှားမှု လုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။ Twitter ကတော့ ဒီလုပ်ရပ်ကို အကောင့်သန့်ရှင်းရေး အစီအစဉ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

"အများရှေ့မှောက် စကားစမြည်ပြောဆိုမှု ဖြစ်စေဖို့ ကတိပြုထားတဲ့အတိုင်း လူမှုကွန်ရက်ပေါ် ရောက်မလာတဲ့ Inactive အကောင့်တွေကို ဖယ်ရှားပြီး ပိုမိုတိကျပြီး ယုံကြည်ရတဲ့ သတင်းအချက်အလက်ပေးသူ Twitter သုံးစွဲသူတွေကိုပဲ ထားရှိဖို့ လုပ်ဆောင်နေပါတယ်။" လို့ Twitter ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က The Verge ကို အတည်ပြုပါတယ်။

Twitter ဟာ ၆ လနဲ့ အထက် အကောင့်ထဲ log in မဝင်ထားသူတွေကို အကောင့်ဖယ်ရှားတော့မယ့်အကြောင်း အသိပေး အကြောင်းကြားသွားမယ်လို့ ဆိုပါတယ်။ အကောင့်တွေကို တစ်ခါတည်း ပယ်ဖျက်တာထက်စာရင် လပေါင်းများစွာကြာအောင် ပလပ်ခံထားရပြီးနောက် ပြန်အသုံးပြုခွင့်ပေးသွားမယ်လို့လည်း သိရပါတယ်။

နှစ်ဆန်းပိုင်းက ထုတ်ပြန်ချက်အရ Twitter ကို နေ့စဉ်သုံးစွဲသူ ၁၂၆ သန်း ရှိနေတယ်လို့ ဆိုပါတယ်။ Twitter ရဲ့ အဓိက ပြိုင်ဘက် Facebook ပလက်ဖောင်းမှာတော့ နေ့စဉ်သုံးစွဲနေသူ ၁.၂ ဘီလျံကျော် ရှိနေပါတယ်။


loading...

က္က