အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး
Nyein Min Wai

eSport streamer တစ်ဦးဖြစ်တဲ့ တိုင်လာနင်ဂျာဘဲလ်ဗင်ဟာ ဂျာမန်အားကစားအမှတ်တံဆိပ် Adidas နဲ့ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။


The Verge သတင်းမှာတော့ နှစ်ရှည်သဘောတူ စာချုပ်ချုပ်ဆိုခဲ့တယ် ပြောထားပြီး အသေးစိတ်အချက်အလက်တွေ မသိရသေးပါဘူး။ ဘယ်လ်ဗင်ကိုယ်တိုင်ကလည်း Adidas နဲ့လက်တွဲ လုပ်ဖြစ်တဲ့ အကြောင်း အသေးစိတ် မပြောပြနိုင်ဘူးလို့ပြောထားပါတယ်။

Photo: weartesters

Adidas ကတော့ ဒီပူးပေါင်းမှုဟာ ကုမ္ဗဏီရဲ့ ထုတ်ကုန်တွေကို အပြင်မှာရော အွန်လိုင်း Virtual ကမ္ဘာမှာပါ ထိုးဖောက်ဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ Adidas အနေနဲ့ရှေ့လျှောက် ကမ္ဘာတစ်လွှားမှ သန်း ၂၃၀၀ သော ဂိမ်မာတွေကို ပံ့ပိုးဖို့အတွက်လည်း နည်းလမ်းသစ်တွေ ရှာဖွေသွားမယ်လို့ထုတ်ပြန်ထားပါတယ်။

Time မဂ္ဂဇင်းရဲ့ ၂၀၁၉ ခုနှစ် သြဇာအကြီးဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ eSport Gamer တစ်ယောက်အဖြစ် ပထမဆုံး ပါဝင်ခဲ့တဲ့ Ninja ဟာ မကြာသေးခင်ကပဲ Amazon ရဲ့ Twitch streaming ဝန်ဆောင်မှူကို သုံးရာကနေ Microsoft ရဲ့ Mixer ပလက်ဖောင်းကိုပဲ သုံးပြီး ဂိမ်းတွေ Live streaming လွှင့်တော့မယ်လို့ကြေညာခဲ့သူပါ။

Apex Legends လို ဂိမ်းသစ်တွေ ကစားပေးပြီး ဒေါ်လာ ၁ သန်းထိ ရထားတဲ့ Ninja အတွက်တော့ Adidas နဲ့အခုလို ပူးပေါင်းလိုက်တာဟာ သူ့အတွက် စာချုပ်ကြေး အမြင့်ဆုံး ဖြစ်ဖို့ရှိပါတယ်။ Adidas အတွက်လည်း ပရိုဂိမ်မာတစ်ယောက်နဲ့ပထမဆုံး စာချုပ်ချုပ်ဆိုတာလည်း ဖြစ်ပါတယ်။

Photo: ESPN

အားကစားပစ္စည်း ကုမ္ဗဏီတစ်ခု ဖြစ်တဲံ Nike ဟာလည်း ယခုနှစ်ဆန်းပိုင်းက တရုတ်မှာ ကျင်းပမယ့် League of Legends Pro League အတွက် ဂျာစီတွေ ထုတ်ပေးဖို့စာချုပ်တစ်ခု ချုပ်ဆိုထားသလို လာမယ့် အောက်တိုဘာလ ပဲရစ်မှာ ကျင်းပမယ့် 2019 LoL World Championship မှာလည်း ပါဝင်ခွင့်ရဖို့မျှော်လင့်ထားပါတယ်။


က္က