လုပ်ဖော်ကိုင်ဖက် အမျိုးသမီးငယ်တွေရဲ့ ကိုယ်လုံးတီးပုံနဲ့ဗွီဒီယိုတွေ ခိုးဖို့လုပ်ခဲ့တာပါ
Nyein Min Wai

လုပ်ဖော်ကိုင်ဖက် အမျိုးသမီးငယ်တွေ သူငယ်ချင်းတွေရဲ့ မလုံမလဲပုံတွေနဲ့ဗွီဒီယိုတွေ ရှာဖို့Yahoo အကောင့်ပေါင်း ၆၀၀၀ ခန့်ကို ခိုးယူခဲ့တဲ့ Yahooo အင်ဂျင်နီယာဟောင်းတစ်ဦးကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနိးယားမြောက်ပိုင်းခရိုင်တရားရုံးမှာ စွဲချက်တင်ထားပါတယ်။


Yahoo မှာ ၁၀ နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ရီယက်စ် ဒန်နီယယ်ရစ်ဇ်ဟာ Yahoo Mail Service မှာ အင်ဂျင်နီယာအဖြစ် အလုပ်ဝင်ခဲ့သူပါ။ Yahoo မှာ အလုပ်လုပ်နေချိန်အတွင်း သူဟာ ခွင့်ပြုချက်မရှိဘဲ အမျိုးသမီးတွေရဲ့ Nude ပုံနဲ့ဗွီဒီယိုတွေကို မိတ္တူဆွဲပြီး သူ့အိမ်မှာ သိမ်းဆည်းခဲ့တယ်လို့CNET သတင်းက ဖော်ပြထားပါတယ်။

Photo: citynews1130


ရစ်ဇ်ဟာ သူ့မိတ်ဆွေနဲ့လုပ်ဖော်ကိုင်ဖက်တွေအပါအဝင် အမျိုးသမီးငယ်တွေကို ပစ်မှတ်ထားပြီး သူတို့ရဲ့ စကားယှက်နဲ့အကောင့်တွေထဲ ဝင်ရောက်ခဲ့တာပါ။ FBI ရဲ့ စုံစမ်းမှု ထွက်လာပြီးနောက် ရစ်ဇ်ဟာ iCloud ၊ Facebook ၊ Dropbox နဲ့Gmail အကောင့်တွေကို hacking လုုပ်ပြီး အမျိုးသမီးငယ်တွေရဲ့ ကိုယ်လုံးတီးပုံနဲ့ဗွီဒီယိုတွေကို ခိုးယူခဲ့တယ်လို့ဝန်ခံထားပါတယ်။

Yahoo ဟာ ရစ်ဇ်ရဲ့ ဝန်ထမ်းအကောင့်ကို စောင့်ကြည့်ရာကနေ သူ့ရဲ့ လှုပ်ရှားမှုကို သိရှိခဲ့ပြီး ဒီပုံနဲ့ဗွီဒီယိုတွေ သိမ်းဆည်းထားတဲ့ ကွန်ပျူတာနဲ့hard drive တို့ကို ဖျက်ဆီးဖို့ပြောခဲ့ပါတယ်။ ရစ်ဇ်ဟာ ကွန်ပျူတာစနစ်ထဲ ဖောက်ထွင်းမှု ၊ ဆက်သွယ်ရေးကြားဖြတ်ခိုးယူမှုနဲ့တရားရင်ဆိုင်နေရတာပါ။

သူ့အမှုဟာ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တဲ့ အမှု ဖြစ်ပြီး အပြစ်ကျူးလွန်ခံရသူတွေအတွက် နစ်နာကြေး ဒေါ်လာ ၂ သိန်းခွဲအထိ ပေးဆောင်ရမယ့် အမှုဖြစ်ပါတယ်။ အမှုကိုတော့ လာမယ့်နှစ် ဖေဖော်ဝါရီလထဲမှာ အမိန့်ချမှတ်သွားဖို့ရှိပါတယ်။

Photo: newsfeeds


ပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်လည်း ယူကေမှ Yahoo အကောင့် ၈ သန်း ပေါက်ကြားမှုကြောင့် ယူကေ သတင်းအချက်အလက် ကော်မရှင်နာ ရုံး ICO ဟာ Yahoo ကို ပေါင် ၂ သိန်းခွဲ ဒဏ်တပ်ခဲ့ပါတယ်။ Yahoo ဟာ ၂၀၁၃ ခုနှစ်ထဲမှာ အကောင့်ပေါင်း သန်း ၁၀၀၀ ရဲ့ အချက်အလက်များ ပေါက်ကြားခဲ့ပြီး သမိုင်းမှာ အကြီးမားဆုံး ဒေတာပေါက်ကြားမှု ကြုံတွေ့ခဲ့ပါတယ်။ 


က္က