အမေရိကန်တရားရုံးမှာ တရားစွဲထားတာပါ
ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ပလက်ဖောင်းဖြစ်တဲ့ Facebook နဲ့ Instagram တို့ရဲ့ ကုန်အမှတ်တံဆိပ်ကို တရားမဝင်အသုံးပြုနေတဲ့ တရုတ်မှ ကုမ္ပဏီ ၄ ခုနဲ့လူ ၃ ဦး တရားစွဲခံထားရပါတယ်။
         

Photo: Tech Crunch



         အမေရိကန်ဖက်ဒရယ်တရားရုံးမှာ တင်ထားတဲ့ အမှုတွဲအရ ဒီကုမ္ပဏီနဲ့လူတွေဟာ အကေင့်တု ဖန်တီးအရောင်းမြှင့်တင်တာ ၊ လူမှုကွန်ရက်မှာ like နဲ့ followers များအောင် လုပ်တာကြောင့် တရားစွဲထားတာပါ။ CNET သတင်းမှာ Facebook နဲ့Instagram တို့ရဲ့ brand ကို တရားမဝင် သုံးခြင်းဟာ အမေရိကန်ဉာဏမူပိုင်ခွင့် ဥပဒေကို ချိုးဖောက်တယ်လို့Facebook က ပြောကြောင်း ဖော်ပြထားပါတယ်။

         "ဒီလိုတရားစွဲခြင်းကြောင့် ကျွန်တော်တို့ဘက်က ဒီလို လှည့်ဖျားမှုမျိုးကို သည်းမခံနေဘူးဆိုတာကို အသေအချာ သိစေမယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့ပလက်ဖောင်းရဲ့ သိက္ခာကို ကာကွယ်ဖို့ကျွန်တော်တို့အားသွန်ခွန်စိုက် လုပ်ဆောင်သွားမှာပါ။" လို့Facebook ရဲ့ ဒုဥက္ကဌနဲ့ဥပဒေကြောင်း လက်ထောက်အထွေထွေ အတိုင်ပင်ခံပုဂ္ဂိုလ် ပေါလ်ဂရီဝေါလ်က ပြောပါတယ်။

         ဉာဏမူပိုင်ခွင့် ဥပဒေကို ချိုးဖောက်ခဲ့တဲ့ တရုတ်ကုမ္ပဏီ ၄ ခုနဲ့လူ ၃ ယောက်ကို သူတို့ရဲ့ ဝက်ဘ်ဆိုက်တွေမှာ Facebook brand နဲ့domain name သုံးတာ ၊ သူတို့ဝက်ဘ်ဆိုက်တွေမှာ Facebook ရဲ့ trademarks များကို ချိုးဖောက်တာတွေကြောင့် တရားစွဲထားတာ ဖြစ်ပြီး လတ်တလောမှာတော့ ကုမ္ပဏီနဲ့လူတွေရဲ့ နာမည်ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Photo: taptica

         "မမှန်မကန် လုပ်ဖို့အတွက် ကျွန်တော်တို့ပလက်ဖောင်းမှာ နေရာမရှိပါဘူး" လို့Facebook က ကုမ္ပဏီရဲ့ blogpost မှာ ကြေညာပါတယ်။ "ဒါကြောင့်ပဲ တစ်နေ့တစ်နေ့တက်လာနေတဲ့ အကောင့်တု သန်းပေါင်းများစွာကို ဖြုတ်ချတာမျိုး အပါအဝင် အလားတူ အပြုအမှုတွေကို ထောက်လှမ်းသိရှိပြီး ရပ်တန့်ဖို့ကျွန်တော်တို့အားစိုက်နေတာ ဖြစ်ပါတယ်"

         Facebook ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒုတိယ ၃ လပတ်အတွင်း အကောင့်တု သန်း ၈၀၀ နဲ့တတိယသုံးလပတ်အတွင်း အကောင့်တု ၇၅၄ သန်း ဖယ်ရှားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ဒီအကောင့်တုတွေကို Facebook ရဲ့ AI tools တွေကနေ နေ့စဉ် ထောက်လှမ်းဖျက်ဆီးနေတာ ဖြစ်ပြီး အမုန်းစကားတွေကို စောင့်ကြည့်ရာမှာတော့ AI ဟာ ၃၈% ပဲ သိနိုင်သေးတယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က