ကုမ္ပဏီသူဌေးဟာ ကာစီနိုဝိုင်းမှာလည်း ဒေါ်လာ ၁၄၄ သန်းဖိုး ရှုံးခဲ့ပါတယ်။

အိန္ဒိယဈေးကွက်ထဲ ပထမဆုံး ဝင်ရောက်လာခဲ့တဲ့ တရုတ်ဖုန်းကုမ္ပဏီအဖြစ် တစ်ချိန်က နာမည်ကောင်းရခဲ့တဲ့ Gionee ဟာ အခုတော့ ဆိုးဝါးတဲ့ အဆုံးသတ်ဆီ ဦးတည်နေပြီ ဖြစ်ပါတယ်။


Photo: indianexpress

         အကြွေးရှင် ၆၄၈ ဦးကို ယွမ် ၂၀.၂ ဘီလျံ (ဒေါ်လ ၂.၉ ဘီလျံ) ပေးစရာ ရှိတဲ့ Gionee ဟာ Huaxing Bank ကနေ ကုမ္ပဏီပိုင် ပစ္စည်းတွေကို ရောင်းချပြီး အကြွေးထိုးဆပ်တော့မှာပါ။ ရှန်းကျန်းတရားရုံးဟာ Gionee ရဲ့ ပစ္စည်းတွေ ထိုးဆပ်မယ့် ဦးတိုက်လျှောက်ထားမှုကို လက်ခံခဲ့တယ်လို့ဆိုပါတယ်။ Gionee ပေးရမယ့် အကြွေးတွေထဲက တစ်ဝက်လောက်က ဘဏ်တွေပါ။

        ၂၀၁၈ နှစ်ဆန်းပိုင်းကလည်း Gionee ဟာ ကုမ္ပဏီရဲ့ supplier တွေကို ပေးစရာရှိတာတွေ ပျက်ကွက်ခဲ့သလို ကြော်ငြာ အေဂျင်စီတွေကို ပေးရမယ့် ငွေတွေလည်း မပေးနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ နိုဝင်ဘာလကုန်ပိုင်းမှာ supplier ကုမ္ပဏီ ၂၀ ဟာ Gionee ဆီက ရစရာ ပိုက်ဆံတွေကို ရှန်းကျန်း ခုံရုံးကနေ တောင်းခဲ့ရာကနေ အခုလို ကုမ္ပဏီပိုင် ပစ္စည်းတွေ ခဝါချရတဲ့ အဆင့်ကို ရောက်လာတာပါ။

          ဒီလိုပြဿနာတက်နေတဲ့ အချိန်မှာ ကုမ္ပဏီရဲ့ တည်ထောင်သူလည်း ဖြစ် ၊ chairman လည်း ဖြစ်တဲ့ Liu Lirong ဟာ ပြီးခဲ့တဲ့ လက ကာဆီနိုဝိုင်းတစ်ဝိုင်းမှာ ယွမ် ၁ ဘီလျံ (ဒေါ်လာ ၁၄၄ သန်း ) ရှုံးသွားခဲ့ပါတယ်။ Liu ကတော့ ဒါဟာ ကုမ္ပဏီပိုင်ငွေတွေ မဟုတ်ဘူးလို့ပြောခဲ့ပေမယ့် ကုမ္ပဏီရန်ပုံငွေတွေကနေ ချေးထားတာ ဖြစ်နိုင်တယ်လို့Securities Times က ဖော်ပြထားပါတယ်။

         Gionee ဟာ ပြီးခဲ့တဲ့နှစ် ပထမ ၃ လပတ်အထိ အိန္ဒိယဈေးကွက်မှာ စမတ်ဖုန်းဝေစု ၄.၆% ရထားခဲ့ပြီး ထိုအချိန်က ရူပီး ၁၅၀၀၀ ကနေ ၃ သောင်းတန်ဖုန်းတွေအကြား ရောင်းအားအကောင်းဆုံး brand ၅ ခု စာရင်းမှာ ပါခဲ့ပါတယ်။ ၂၀၁၈ ဒုတိယသုံးလပတ်မှာတော့ Gionee ဟာ Lenovo ၊ Micromax ၊ Sony တို့နဲ့အတူ အကျစာရင်းမှာ ပါခဲ့ပြီး ကမ္ဘာ့ထိပ်တန်း ရောင်းအားအကောင်းဆုံး စမတ်ဖုန်း brand ၁၀ မျိုးစာရင်းကနေ ထွက်ခွာခဲ့ရပါတယ်။

         လက်ရှိ Gionee ရဲ့ ဘဏ္ဍာရေးအခြေအနေဟာ လစဉ် ဒေါ်လာ ၂၈.၇ သန်း အထိ အရှုံးပြနေတာပါ။ ၂၀၁၃ ကနေ ၂၀၁၅ အထိ တစ်လကို ကုမ္ပဏီရဲ့ အရှုံးပြချက်ဟာ ယွမ် သန်း ၁၀၀ (ဒေါ်လာ ၁၄.၄ သန်း ) ရှိခဲ့ပါတယ်။ ဒီလို အရှုံးဘက်မှာ ရပ်တည်နေပေမယ့် Liu ကတော့ သူ့ကုမ္ပဏီရဲ့ လက်ကျန်ငွေဟာ နောက် ၃ နှစ်ကနေ ၅ နှစ်အထိ လည်ပတ်နိုင်သေးတယ်လို့ယုံကြည်နေပါတယ်။

Photo: GSMDome.com

         သူ့အကြောင်းကတော့ ရုပ်ရှင်ကားတစ်ကားအဖြစ် တစ်ချိန်မှာ မြင်ရဖို့ရှိပါတယ်။



က္က