ပိတ်ဆို့အရေးယူမှုတွေကို လက်တုန့်ပြန်ဖို့ရှိပါတယ်

တယ်လီကွန်းထုတ်ကုန်များ အပိတ်ခံရမှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရကို Huawei ဘက်မှ တရားစွဲသွားမယ်လို့သတင်းတွေ ထွက်ပေါ်နေပါတယ်။

         Huawei ဟာ တက္ကဆက်အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲသွားဖို့ရှိတယ်လို့New York Times နဲ့Reuters သတင်းတွေမှာ ဖော်ပြထားတာပါ။ တကယ်လို့ဒီသတင်းမှန်မယ်ဆိုရင် Huawei ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ အမျိုးသားကာကွယ်ရေးအာဏာတည်မှု အက်ဥပဒေ NDAA ကို စိန်ခေါ်လိုက်တာလည်း ဖြစ်လာမှာပါ။



Photo: Duwun Tech

         NDAA အရ အမေရိကန်အစိုးရပိုင်းဌာနတွေမှာ Huawei နဲ့ZTE တို့လို တရုတ်နည်းပညာကုမ္ပဏီများရဲ့ ထုတ်ကုန်နဲ့နည်းပညာများ ဝယ်ယူသုံးစွဲခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ Huawei နဲ့ZTE တို့ရဲ့ နာမည်တပ်ပြီး တားမြစ်ကုန်စာရင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပြီး စမတ်ဖုန်းကနေ routers လိုမျိုး တယ်လီကွန်းဆက်သွယ်ရေးပစ္စည်းများအထိ ပါဝင်မှာပါ။

         Huawei ဟာ အမေရိကန်အစိုးရဘက်မှ စွပ်စွဲထားတဲ့ တရုတ်အစိုးရအတွက် သူလျှိုထောက်လှမ်းရေး လုပ်ပေးနေတယ်ဆိုတဲ့ အချက်ကို အစဉ်တစိုက် ငြင်းဆန်ထားသလို ဆိုက်ဘာလုံခြုံရေး စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး အခြေအမြစ် မရှိတဲ့စွပ်စွဲမှုအဖြစ် တုန့်ပြန်ထားပါတယ်။ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပခဲ့တဲ့ MWC 2019 ပွဲမှာ ကမ္ဘာ့မီဒီယာတွေနဲ့တွေ့ဆုံချိန်မှာလည်း Huawei ဘက်မှ တာဝန်ရှိသူတွေအားလုံးက Huawei ထုတ်ကုန်နဲ့ကွန်ရက်တွေမှာ လုံခြုံရေးအန္တရာယ်ဖြစ်စေကြောင်း သက်သေမရှိဘူးလို့ရှင်းလင်းခဲ့ပါတယ်။

Photo: CNET

         ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလဆန်းပိုင်းမှာလည်း Huawei တည်ထောင်သူရဲ့ သမီးဖြစ်သူ မန်ဝမ်ဇောင်ဟာ ဥပဒေဖောက်ဖျက်မှုနဲ့ကနေဒါမှာ အထိန်းသိမ်းခံခဲ့ရပါတယ်။ Huawei ရဲ့ CFO မန်ဝမ်ဇောင်ဟာ သူမကို ဖမ်းဆီးထိန်းသိမ်းကြောင်း မပြောခင် ရှာဖွေစစ်ဆေးမေးမြန်းကြောင်း ပြောထားပြီး ကနေဒါအစိုးရ ၊ ရဲတပ်ဖွဲ့နဲ့လူဝင်မှုကြီးကြပ်ရေး ဌာနတို့ကို တရားပြန်စွဲထားပါတယ်။

စီးပွားရေး ပိတ်ဆို့အရေးယူထားတဲ့ အီရန်ကို တယ်လီကွန်းပစ္စည်းတွေ ရောင်းချမှုနဲ့အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုနဲ့ကုမ္ပဏီရဲ့ CFO ကို ကနေဒါအစိုးရပိုင်းမှ ဖမ်းခဲ့တာပါ။ ဒီဖြစ်ရပ် မတိုင်ခင်ကတည်းနဲ့တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်ရေး တင်းမာမှုတွေ ရှိခဲ့ပါတယ်။

         အမေရိကန်တယ်လီကွန်းအော်ပရေတာများအနေနဲ့မျိုးဆက်သစ် 5G ကွန်ရက်ပိုင်းအတွက် ဒေါ်လာ ဘီလျံပေါင်းများစွာ အကုန်အကျခံထားပေမယ့် Huawei ရဲ့ နောက်ဆုံးပေါ် 5G ကွန်ရက်ပစ္စည်းကို ဝယ်ယူသုံးစွဲခွင့်မရပါဘူး။လက်ရှိမှာ Huawei ရဲ့ 5G ကွန်ရက်နည်းပညာ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေ ပိတ်ပင်ခံရမှုတွေဟာ အမေရိကန်အပြင် ဂျပန် ၊ သြစတြေးလျနဲ့နယူးဇီလန်မှ ကွန်ရက်တွေမှာပါ အပိတ်ခံထားရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က