တက္ကဆက်ပြည်နယ်တရားရုံးမှာ တရားစွဲထားတာပါ

တရုတ်နိုင်ငံရှန်းကျန့်မှာ ပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲနဲ့အတူ အမေရိကန်အစိုးရကို Huawei ဟာ စိန်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။

         Huawei ရဲ့ တရားဝင် Facebook စာမျက်နှာကနေ တိုက်ရိုက် Live ထဲမှာ ကုမ္ပဏီရဲ့ Deputy Chairman ဖြစ်သူ Guo Ping မှ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ဝယ်ယူခြင်းမပြုနိုင်အောင် ဖက်ထရယ်အေဂျင်စီတွေကနေ ပိတ်ပင်တဲ့ NDAA ဥပဒေကို တရားနည်းလမ်းမကျကြောင်း ပြောပြီး တရားစွဲခဲ့တာပါ။



Photo: businessmirror

         "ဒီပိတ်ပင်မှုက တရားမျှတမှု မရှိရုံတင်မဟုတ်ဘူး။ Huawei ကို မျှတတဲ့ ပြိုင်ဆိုင်မှုပေးရာမှာလည်း ကန့်သတ်ထားတာ ။ နောက်ဆုံး အမေရိကန် သုံးစွဲသူတွေကိုပဲ ထိခိုက်စေပါတယ်" လို့Huawei ရုံးချုပ်တည်ရှိရာ ရှန်းကျန့်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

         မတ်လ ၇ ရက် ကြာသာပတေးနေ့မှာ ပြုလုပ်တဲ့ ဒီသတင်းစာ ရှင်းလင်းပွဲမှာပဲ Huawei ဟာ ပြီးခဲ့တဲ့ သြဂုတ်လက သမ္မတထရမ့်လက်မှတ်ရေးထိုးခဲ့တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အာဏာတည်မှု အက်ဥပဒေ NDAA ကို တရားပြန်စွဲထားတယ်လို့ကြေညာပါတယ်။ ဒီဥပဒေဟာ Huawei နဲ့ZTE တို့ရဲ့ နည်းပညာနဲ့ထုတ်ကုန်တွေကိုပဲ သီးသန့်တားမြစ်ထားတာပါ။

         "အမေရိကန်ကွန်ဂရက်က Huawei products တွေ ကန့်သတ်ရတဲ့အပေါ် ဘာကြောင့်ဆိုတဲ့ အထောက်အထားထုတ်ပြဖို့ထပ်တလဲလဲ ပျက်ကွက်ခဲ့ပါတယ်။ ကျွန်တော်တို့ဒါကို တရားရေးနဲ့ရင်ဆိုင်လိုက်ပါပြီ" လို့Guo က ပြောပါတယ်။ Huawei ဟာ တက္ကဆက်ပြည်နယ်တရားရုံးမှာ တရားစွဲသွားမယ်လို့ဆိုပါတယ်။ တက္ကဆက်ဟာ Huawei ရဲ့ အမေရိကန်ရုံးချုပ်တွေ တည်ရှိတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ။်

Photo: Duwun Tech

         ၂၀၁၈ နှစ်ကုန်ပိုင်းက ကနေဒါနိုင်ငံမှာ အဖမ်းခံထားရတဲ့ Huawei ရဲ့ CFO မန်ဝမ်ဇောင်ဟာ မကြာသေးမီကပဲ ကနေဒါအစိုးရပိုင်းကို တရားပြန်စွဲထားပါတယ်။ မန်ဝမ်ဇောင်ကိုတော့ စီးပွားရေး ပိတ်ဆို့အရေးယူထားတဲ့ အီရန်ကို တယ်လီကွန်းပစ္စည်းတွေ ရောင်းချမှုနဲ့အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုနဲ့ကုမ္ပဏီရဲ့ CFO ကို ကနေဒါအစိုးရပိုင်းမှ ဖမ်းခဲ့တာပါ။ ဒီဖြစ်ရပ် မတိုင်ခင်ကတည်းနဲ့တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်ရေး တင်းမာမှုတွေ ရှိခဲ့ပြီး Huawei လည်း 5G ကွန်ရက်ထောက်ပံ့ရေးမှာ အကြပ်အတည်းများ တွေ့ခဲ့ပါတယ်။ ။

         ပြီးခဲ့တဲ့နှစ်က သြစတြေးလျ ၊ ဂျပန်နဲ့နယူးဇီလန် အစိုးရများဟာ Huawei ရဲ့ 5G ကွန်ရက်ဝင်ရောက်မှု ပိတ်ပင်ခဲ့ပါတယ်။ ဂျာမဏီနဲ့ယူကေမှ အစိုးရပိုင်းတွေကတော့ Huawei ထုတ်ကုန်တွေကို ဘယ်လို ကန့်သတ်မှုမျိုးတွေနဲ့စည်းကြပ်ရမလဲဆိုတာ ဆုံးဖြတ်မှုတွေ လုပ်ဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က