Entity List ပေါ်မှာ မူတည်နေပါတယ်

အမေရိကန်ရဲ့ Trade BlackList ဝင်ပြီးနောက် Huawei ဟာ ပထမဆုံးအကြိမ်အဖြစ် ထုတ်ကုန်သစ်မိတ်ဆက်မှုတစ်ခု ဖျက်ခဲ့ပါတယ်။


         Huawei ဟာ ယခုတစ်ပတ်ထဲမှာ MateBook သစ် မိတ်ဆက်မယ်လို့သတင်းတွေ ထွက်ထားခဲ့ပါတယ်။ The Information သတင်းမှာတော့ Huawei ဟာ ဇွန်လ ၁ ရက် ရှန်ဟိုင်းမှာ ကျင်းပမယ့် CES Asia 2019 မှာ Windows လက်ပ်တော့သစ်တစ်မျိုး မိတ်ဆက်ပြသသွားမယ်လို့ဖော်ပြထားခဲ့ပြီး Huawei ဝန်ထမ်းတစ်ဦးမှ ဒီ လက်ပ်တော့သစ် ဖြန့်ချိမယ့်ရက်အသစ် မသတ်မှတ်ရသေးဘူးလို့ဆိုပါတယ်။



Photo: BBC

         Huawei ရဲ့ ထိပ်တန်းလက်ပ်တော့သစ် MateBook X Pro ဟာ Microsoft ရဲ့ Windows OS နဲ့လာပြီး Intel chips များ သုံးထားတာ ဖြစ်ပါတယ်။ Huawei အနေနဲ့စမတ်ဖုန်းတွေမှာ သုံးမယ့် core processor ကို ကိုယ်တိုင် ဒီဇိုင်းထုတ်ထားပေမယ့် တစ်ခြားထုတ်ကုန်အစိတ်အပိုင်းတစ်ချို့အတွက် အမေရိကန်နည်းပညာပေါ် မှီခိုနေရဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန်ကုန်သွယ်ဌာနဘက်မှ Entity List ဝင်နေသမျှ လက်ပ်တော့သစ် ဖြန့်ချိဖြစ်မှာ မဟုတ်ဘူးလို့Huawei ရဲ့ စားသုံးသူရေးရာဌာန CEO ရစ်ချတ်ယုက ဆိုပါတယ်။

         "ကျွန်တော်တို့PC တွေ supply မလုပ်နိုင်တော့ဘူး"လို့CNBC သတင်းဌာနကို မစ္စတာယုက ပြောပါတယ်။ "ဒါကကံဆိုးတာပဲ။ လက်ပ်တော့သစ် ထွက်ဖို့က Entity List ဘယ်လောက် ကြာမလဲနဲ့ဆိုင်နေပါတယ်။ ဒီထုတ်ကုန် ထွက်ချင်မှလည်း ထွက်နိုင်မယ်" လို့WeChat ကနေ ပေးပို့တဲ့ မက်ဆေ့မှာ ဖော်ပြထားပါတယ်။

Forbes သတင်းတစ်ပုဒ်မှာတော့ Huawei ဟာ ARM ချပ်စ်ဒီဇိုင်းနဲ့လာပြီး Windows 10 စနစ်သုံး MateBook လက်ပ်တော့သစ်တွေကို လာမယ့် ဇူလိုင်လထဲမှာ မိတ်ဆက်သွားမယ်လို့ရေးသားထားတာကြောင့် သတင်းအချက်အလက်အမှန်ကို သိဖို့စောင့်ကြည့်ရဦးမှာပါ။ Huawei MateBook တွေဟာ ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းနဲ့လာပြီး review တွေမှာ နာမည်ကောင်း ရထားတဲ့ လက်ပ်တော့တွေ ဖြစ်ပါတယ်။

         Entity List ဟာ အမေရိကန်ကုန်သွယ်ရေး ဌာနမှ နိုင်ငံလုံခြုံရေးနဲ့နိုင်ငံခြားရေးမူဝါဒ ခြိမ်းခြောက်မှု လုပ်နိုင်ခြေရှိတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ စာရင်းကို ပြောတာ ဖြစ်ပြီး ဒီစာရင်းမှာ Huawei လည်း ပါဝင်နေခဲ့တာပါ။ Huawei ဟာ အမေရိကန် ဆန်ရှင်ပိတ်ထားတဲ့ အီရန်နဲ့စီးပွားရေးလုပ်ခဲ့တဲ့ Bank Fraud မှုနဲ့အတူ တရားဥပဒေချိုးဖောက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ခံထားရပါတယ်။

Photo; Pocket-lint

         ထိုင်ဝမ်မှ DitiTimes သတင်းအရ Huawei ဟာ ကုမ္ပဏီရဲ့ လက်ပ်တော့ Supply Chain မိတ်ဘက် ကုမ္ပဏီများကို ပစ္စည်းပို့ဆောင်မှုများ ရပ်ဆိုင်းထားဖို့ပြောထားတယ်လို့ဖောာ်ပြထားပါတယ်။ Huawei ရဲ့ Consumer Electronics စီးပွားရေးဟာ ၂၀၁၈ ထဲမှာ ဝင်ခဲ့တဲ့ ဝင်ငွေ ဒေါ်လာ ၁၀၇ ဘီလျံရဲ့ ထက်ဝက်နီးပါးကို ရှာပေးတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပြီး စမတ်ဖုန်း ၊ လက်ပ်တော့တွေဟာ Huawei Consumer Electronics ရဲ့ အဓိက လုပ်ငန်းထဲမှာ ပါနေပါတယ်။

         အမေရိကန်ကုန်သွယ်ဌာနဘက်မှ ကုန်သွယ်ရေး ပိတ်ပင်ခံရမှုကြောင့် Huawei ဟာ အမေရိကန် စီးပွားရေးလုပ်ငန်းတွေနဲ့နည်းပညာနဲ့ထုတ်ကုန်အရောင်းအဝယ်နဲ့ဖလှယ်မှု တားမြစ်ခံထားရပါတယ်။ လက်ရှိမှာ ရက် ၉၀ ကုန်သွယ်ရေး ဖြေလျှော့မှုနဲ့အတူ ယာယီလိုင်စင်တစ်ခု ရထားပြီး အမေရိကန်ကုမ္ပဏီများနဲ့စီးပွားရေး လုပ်ဆောင်ခွင့်ကို သြဂုတ်လ ၁၉ ရက်နေ့အထိ ရထားပါတယ်။ 

Share

Loading Next Article...
က္က