တိတ်ဆိတ်တဲ့ သိုးလေးလို မနေဖို့တိုက်တွန်းထားပါတယ်

အမေရိကန်အစိုးရအေဂျင်စီတွေမှာ ထုတ်ကုန်ရောင်းခွင့်ကန့်သတ်ပိတ်ပင်တဲ့ ဥပဒေကို တရားဥပဒေကြောင်းအရ ရင်ဆိုင်မယ့် Huawei ကို တရုတ်အစိုးရပိုင်းဘက်မှ ထောက်ခံအားပေးခဲ့ပါတယ်။

Photo: Montsame



         တရုတ်အစိုးရအဖွဲ့ထိပ်တန်း သံတမန်ဖြစ်တဲ့ နိုင်ငံတော်ကော်စီဝင်ပုဂ္ဂိုလ်ဝမ်ယိက ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြောကြားခဲ့တာ ဖြစ်တယ်လို့Reuters သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအနေနဲ့Huawei Technologies ဘက်မှ အမေရိကန်မှာ ဥပဒေအရ နစ်နာမှုတွေ ဖြေရှင်းဖို့အတွက် ပံ့ပိုးပေးနေတယ်လို့ဆိုပြီး တရုတ်ကုမ္ပဏီတွေအနေနဲ့အသံတိတ်နေတဲ့ သိုးငယ်တွေလို မနေကြဘဲ ဥပဒေလက်နက်တွေ သုံးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

         Huawei ဟာ မတ်လ ၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်စီးပွားရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘဲ ကန့်သတ်ထားတဲ့ ဥပဒေတစ်ရပ်ကို အကြောင်းပြုပြီး အမေရိကန်အစိုးရအပေါ် တရားစွဲသွားမယ်လို့ကြေညာခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လထဲမှာ အမေရိကန်သမ္မတထရမ့်ဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာ ခွင့်ပြုချက် အက်ဥပဒေ NDAA ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒီဥပဒေထဲက အပိုဒ် ၈၈၉ အရ Huawei ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို အမေရိကန်အစိုးရ အေဂျင်စီတွေမှာ ဝယ်ယူသုံးစွဲခြင်း အပြင် ဒီထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို သုံးနေတဲ့ အဖွဲ့အစည်းများနဲ့စာချုပ်ချုပ်ခြင်း ၊ ချေးငွေပေးခြင်းများပါ တားမြစ်ထားတာ ဖြစ်ပါတယ်။

Photo: Duwun Tech

         ဒီတားမြစ်မှုဟာ ဟာ အမေရိကန်ကွန်ဂရက်ကနေ ပြဌာန်းထားတဲ့ Bill of Attainder Clause နဲ့Due Process Clause တို့ကို ဖောက်ဖျက်တာဖြစ်ပြီး ဥပဒေကို ပြန်ဖောက်ဖျက်တာဟာ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့ Seperation-of-Powers မူကို ဖောက်ဖျက်တာ ဖြစ်တယ်လို့Huawei ဘက်မှ တုန့်ပြန်ထားပါတယ်။ Huawei ဟာ အမေရိကန်ကွန်ဂရက်အဖွဲ့ကို တရားစွဲဆိုမှုအား တက္ကဆက်ပြည်နယ် ပလန်နိုမြို့ပြည်နယ်တရားရုံတစ်ခုမှာ စီစဉ်ထားပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က