အလုပ်ထုတ်မယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး
Nyein Min Wai

တရုတ်တယ်လီကွန်းလုပ်ငန်းစုကြီးဖြစ်တဲ့ Huawei ဟာ အမေရိကန်က ဝန်ထမ်းရာပေါင်းများစွာကို အလုပ်ဖြုတ်ဖို့ပြင်နေတယ်လို့ဆိုပါတယ်။

        Wall Street Journal မှာ တက်လာတဲ့ သတင်းအရ Huawei ရဲ့ အမေရိကန်မှ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Futurewei ဟာ တက္ကဆက် ၊ ကယ်လီဖိုးနီးယားနဲ့ဝါရှင်တန် ပြည်နယ်တွေအပါအဝင် အမေရိကန်နိုင်ငံအနှံ့က သုတေသနဌာနတွေမှ ရာနဲ့ချီတဲ့ ဝန်ထမ်းတွေကို အလုပ်လျှော့သွားမယ်လို့ဆိုပါတယ်။ Futurewei ဟာ အမေရိကန်နိုင်ငံက သုတေသနဌာနတွေမှာ ဝန်ထမ်းပေါင်း ၈၅၀ ခန့်ထားတာပါ။

Photo: Region Week

        Huawei ဟာ အမေရိကန်ကျေးလက် ကြိုးမဲ့တယ်လီကွန်းဝန်ဆောင်မှူ လုပ်ငန်းတွေကို ထုတ်ကုန်ပစ္စည်းတွေ ရောင်းချဖို့အတွက် ဝန်ထမ်းဦးရေ ၁၅၀၀ ခန့်အလုပ်ပေးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ အလုပ်ဖြုတ်သွားမယ့် ဝန်ထမ်း အရေအတွက် အတိအကျမသိရသေးပေမယ့် အလုပ်လျှော့မယ့် လူဦးရေဟာ ရာပေါင်းများစွာ ဖြစ်နိုင်တယ်လို့Wall Street Journal ကို ပြောတဲ့ သတင်းအရင်းအမြစ်က ဆိုပါတယ်။

        ဒီသတင်းပေါ် Huawei ဘက်မှ မှတ်ချက်ချခြင်း မရှိသေးပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ မေလထဲမှာ နိုင်ငံ့လုံခြုံရေးခြိမ်းခြောက်မှူအပေါ် အရေးပေါ် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန် စီးပွားကူးသန်း ဌာနဟာ Huawei ကို Blacklist သွင်းခဲ့ပါတယ်။

        အမေရိကန်စီးပွားကူးသန်းဌာနရဲ့ ပိတ်ပင်မှူကြောင့် Huawei ဟာ အမေရိကန်စီးပွားဖက် ကုမ္ဗဏီတွေဆီက လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို အထူးခွင့်ပြုချက်ပါမှသာ ဝယ်ယူခွင့် ရှိခဲ့တာပါ။ ဒီပိတ်ဆို့မှူကြောင့် Huawei ဟာ လာမယ့်နှစ်အနည်းငယ်အထိ ဒေါ်လာ ဘီလျံ ၃၀ ခန့်နစ်နာဖို့ရှိတယ်လို့ကုမ္ဗဏီရဲ့ တည်ထောင်သူနဲ့CEO ရန်ဇီဖိန်းက ပြောခဲ့ပါတယ်။

Photo: Business Insider

        Huawei ပေါ် ပိတ်ဆို့မှူတွေကို ဖြေလျှော့ပေးသွားမယ်လို့ဂျပန်နိုင်ငံ အိုဆာကာမှာ ကျင်းပတဲ့ G-20 Summit မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပြီး ဒါဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ သူ့အကြား ကုန်သွယ်ရေး တင်းမာမှူ ဖြေလျှော့ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ Huawei နဲ့စီးပွားရေး ကူးလူးဆက်ဆံမယ့် အမေရိကန်ကုမ္ဗဏီတွေကို အမေရိကန်စီးပွားကူးသန်းဌာနဟာ လိုင်စင်တွေ ထုတ်ပေးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က