၂၀၁၆ ကတည်းက စပြီး တိုက်ခိုက်ခံခဲ့ရဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းက ယာယီမီးပြတ်တောက်မှု ဖြစ်တဲ့နေရာများဟာ ဟက်ကာများ လက်ချက်ကြောင့်လို့ဖက်ဒရယ်အာဏာပိုင်များက ဆိုပါတယ်။

istock-691171106.jpg

photo: NY post

 

ရုရှားအစိုးရအတွက် အလုပ်လုပ်နေတဲ့ ဟက်ကာများဟာ အမေရိကန်လျှပ်စစ်ဖြန့်ဖြူးရေးခန်းများကို ထိန်းချုပ်ခွင့် ရသွားခဲ့တာကြောင့် မီးပြတ်မှုတွေ ဖြစ်ခဲ့ရတာလို့နိုင်ငံ့လုံခြုံရေးဆိုင်ရာ အရာရှိမျးက Wall Street ဂျာနယ်ကို ပြောကြားသွားခဲ့တာပါ။ Dragonfly ၊ Energetic Bear လို့အမည်ရတဲံ ဟက်ကာများဟာ လျှပ်စစ်ဖြန့်ဖြူးတဲ့ third-party ပါဝါကုမ္ပဏီများနဲ့ဆိုင်တဲ့ ကွန်ရက်များကနေ ဝင်ရောက်ခဲ့တာလို့လည်း ဆိုပါတယ်။

အမေရိကန် လုံခြုံရေးဌာန အရာရှိများအဆိုအရ ရုရှားဟက်ကာများဟာ ၂၀၁၆ နွေဦးကတည်းက ဆိုက်ဘာတိုက်ခိုက်မှုလုပ်ပြီး လျှပ်စစ်စနစ်များထဲ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိလည်း access ရဖို့ကြိုးစားနေဆဲ ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

ပစ်မှတ်ရာပေါင်းများစွာဆီ ဦးတည် တိုက်ခိုက်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ အမေရိကန်မှ အရေးကြီး ကွန်ရက်များထဲ ဝင်နိုင် ထွက်နိုင်တဲ့ စနစ်ကို လေ့လာနေတဲ့ သဘောလည်း ဖြစ်တယ်လို့သုံးသပ်ထားပါတယ်။

"သူတို့က ကျွန်တော်တို့network တွေထဲ ထိုးဖောက်ပြီး သူတို့လိုသလို တိုက်ခိုက်မှု လုပ်ဖို့သတ်မှတ်နေတာပါ" လို့ကာကွယ်ရေးဌာန အကူအတွင်းရေးမှူး မိုက်ကယ်ကာပင်တာက ဆိုပါတယ်။ ဂုရှားတွေရဲ့ တိုက်ခိုက်ပုံကို မသိခင်မှာ အာဏာပိုင်များဟာ ယာယီ မီးအား ပြတ်တောက်မှု ဖြစ်စဉ်ကို သိဖို့ကြိုးပမ်းရာကနေ ဒီတိုက်ခိုက်မှုကို ဖော်ထုတ်နိုင်ခဲ့တာပါ။

မကြာသေးခင်ကတည်းက ရေအရင်းအမြစ်နဲ့လျှပ်စစ်စွမ်းအင်များဟာ ဆိုက်ဘာတိုက်ခိုက်ဖို့ပစ်မှတ်တွေ ဖြစ်လာမယ်လို့ ဆိုက်ဘာလုံခြုံရေးပညာရှင်များက ကြိုတင်တွက်ဆထားပါတယ်။ ၂၀၁၆ ဒီဇင်ဘာလထဲမှာ ယူကရိန်းနိုင်ငံရဲ့ မြို့တော် ခိဗ်ရဲ့ နေရာတော်တော်များများမှာ မီးအားပြတ်တောက်ခဲ့ရခြင်းဟာလည်း ဆိုင်ဘာတိုက်ခိုက်မှုရဲ့ လက်ချက်ကြောင့်လို့ယူဆနေကြပါတယ်။၂

၀၁၅ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း ယူကရိန်း လျှပ်စစ်ဓါတ်အားပေး ကုမ္ပဏီတစ်ခုရဲ့ ကွန်ပျူတာ နက်ဝါ့ခ်ထဲကို malware တစ်ခု ရောက်လာခြင်းကြောင့် ဖောက်သည်ပေါင်း ၂၂၅၀၀၀ ကျော်သုံးနေတဲ့ မီးအား ပြတ်တောက်ခဲ့ရပြီး ဓါတ်အားလိုင်းပြန်ကောင်းဖို့အတွက် manual ပြန်ပြင်ခဲ့ရပါတယ်။

photo: CSO

 

အမေရိကန်မှာ ရှိတဲ့ ဓါတ်အားလိုင်းတွေဟာ ဒေါ်လာ ၁ ထရီလီယံကျော် တန်ကြေးရှိပြီး နှစ်စဉ် လူသန်းပေါင်း ၃၃၄ သန်းကျော်ကို ပါဝါထောက်ပံ့ပေးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က