Microsoft က ထုတ်ပြန်ထားတာပါ
Nyein Min Wai

အီရန်နဲ့ဆက်စပ်မှုရှိတဲ့ ဟက်ကာအဖွဲ့တစ်ဖွဲ့ဟာ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲကမ်ပိန်းတစ်ခုကို ဦးတည် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့Microsoft မှ ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့တဲ့ Microsoft ရဲ့ ထုတ်ပြန်ချက်ထဲမှာ အီရန်အစိုးရနဲ့ချိတ်ဆက်မှုရှိတဲ့ ဟက်ကာတွေဟာ အီးမေးလ်အကောင့် ၂၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီး ဒီထဲက တစ်ချို့ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲ အောင်နိုင်ရေးကမ်ပိန်းတစ်ခုနဲ့ပက်သတ်နေတဲ့လူတွေ ဖြစ်တယ်လို့ဆိုပါတယ်။

Photo: threatpost

Phosphorous လို့ခေါ်တဲ့ ဟက်ကာအဖွဲ့ဟာ ရွေးကောက်ပွဲနဲ့ဆက်စပ်မှုရှိတဲ့ Microsoft အခြေခံ အီးမေးလ်အကောင့်တွေကို ရယူဖို့ကြိုးစားခဲ့တယ်လို့BBC သတင်းမှာ ဖော်ပြထားပါတယ်။ Phosphorous အဖွဲ့ဟာ သြဂုတ်လနဲ့စက်တင်ဘာလ ရက် ၃၀ ကျော်အတွင်းမှာ Microsoft ရဲ့ သီးသန့်ဖောက်သည်တွေပိုင်တဲ့ အီးမေလ်းအကောင့်တွေထဲ အကြိမ်ပေါင်း ၂၇၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ဒီထဲက အကောင့်ပေါင်း ၂၄၁ ကောင့်ကို တိုက်ခိုက်ဖို့ကြိုးစားခဲ့တယ်လို့လည်း ဆိုပါတယ်။

" ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ အကောင့်တွေဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကမ်ပိန်းတစ်ခု ၊ လက်ရှိနဲ့အရင်အမေရိကန်အစိုးရအရာရှိဟောင်းတွေ ၊ ကမ္ဘာ့နိုင်ငံရေးရာ လိုက်နေတဲ့ ဂျာနယ်လစ်တွေနဲ့အီရန်နိုင်ငံပြင်ပမှာ နေထိုင်တဲ့ ထင်ရှားတဲ့ အီရန်လူမျိုးတွေနဲ့ဆက်စပ်နေပါတယ်။ " လို့Microsoft က ထုတ်ပြန်ပါတယ်။

Microsoft ရဲ့ ထုတ်ပြန်ချက်မှာတော့ Phosphorus အဖွဲ့ဟာ ရွေးကောက်ပွဲကမ်ပိန်း ၊ လက်ရှိနဲ့အရင် ကန်အစိုးရ အရာရှိဟောင်းတွေနဲ့မဆိုင်တဲ့ အကောင့် ၄ ခုကို ရသွားခဲ့တယ်လို့ဖော်ပြထားပြီး ကုမ္ပဏီအနေနဲ့ဒီအကောင့်တွေ လုံခြုံမှုရှိအောင် လုပ်ဆောင်ထားခဲ့တယ်လို့ဆိုပါတယ်။


Photo: NYTimes

ဒီဆိုက်ဘာတိုက်ခိုက်မှုဟာ နည်းပညာအရ အဆင့်မြင့်ခြင်း မရှိပေမယ့် ဟက်ကာတွေဟာ ပစ်မှတ်ကို သိဖို့နဲ့တိုက်ခိုက်မှုလုပ်ဖို့အတွက်ကိုယ်ရေးအချက်အလက် အမြောက်အများ သုံးခဲ့တယ်လို့လည်း Microsoft က ပြောပါတယ်။

Reuters သတင်းရဲ့ အဆိုအရ အီရန်ဟက်ကာတွေဟာ သမ္မတထရမ့် ပြန်လည်ရွေးကောက်ခံနိုင်ရေးအတွက် လှုပ်ရှားနေတဲ့ ကမ်ပိန်းကို ဦးတည်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာ ဒီမိုကရက် ၁၉ ဦးဟာ လာမယ့် ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတဒေါ်နယ်ထရမ့်နဲ့ယှဉ်ပြိုင်ဖို့ပါတီထဲမှ သမ္မတလောင်း ရွေးချယ်ဖို့လုပ်ဆောင်နေပါတယ်။


က္က