၂၀၁၇ နှစ်ကုန်ကတည်းက ဒီသတင်း ထွက်ခဲ့ပါတယ်

     ရုရှားသမ္မတဗလာဒီမာ ပူတင်ကတော့ ရုရှားပိုင် အင်တာနက်တစ်ခု ထုတ်ဖို့စဉ်းစားနေပြီလို့ပြောကြားထားပါတယ်။

         အားလုံး သုံးနေတဲ့ global internet ထဲ ဝင်ဖို့access မရတဲ့ အပေါ်မှာ တုန့်ပြန်မှုအနေနဲ့ကိုယ်ပိုင် web segments တွေ ဖန်တီးဖို့ရုရှားသမ္မတက ရည်ရွယ်လာတာပါ။ အနောက်နိုင်ငံတွေရဲ့ ပိတ်ပင်မှုကနေ ရုန်းထွက်ဖို့အခုလို စဉ်းစားတာလို့လည်း ဗလာဒီမာပူတင်က ဆိုပါတယ်။


Photo: gmanews

         " နိုင်ငံခြား တိုင်းပြည်တွေအနေနဲ့အခုလိုမျိုး access ပိတ်တာတွေ မလုပ်ခင်မှာ သေသေချာချာ စဉ်းစားမယ်လို့ထင်ပါတယ်။ ရုရှားတွေကို အင်တာနက်သုံးခွင့် ကန့်သတ်ထားတယ်ဆိုတာကလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့အနေနဲ့ဘယ်သူ့ကိုမှ အားမကိုးဘဲ ကိုယ်ပိုင် web segments တွေ ဖန်တီးသင့်ပါတယ်" လို့ပြောပါတယ်။

         မစ္စတာပူတင်ရဲ့ ပြောစကားဟာ တစ်ခြားနိုင်ငံတွေရဲ့ စွက်ဖက်မှုကို ကာကွယ်ဖို့အင်တာနက်ထိန်းချုပ်မှုတွေ တင်းကြပ်ဖို့ဥပဒေပြုအမတ်တွေ ကြိုးပမ်းလာပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ဥပဒေမူကြမ်းဟာ ရုရှားမှာ အင်တာနက် သုံးစွဲမှုအတွက် အဟန့်အတား ဖြစ်နိုင်ပြီး သဘောထားကွဲလွဲမှုတွေ ဖြစ်လာမယ်လို့လည်း ဝေဖန်နေကြပါတယ်။

Photo: Russophile.org

         ဥပဒေကြမ်းအရ ရုရှား web traffic စီးကြောင်းနဲ့ဒေတာတွေကို နိုုင်ငံ့အာဏာပိုင်တွေကနေ ထိန်းချုပ်နိုင်တဲ့ points တွေကနေ စီးဝင်ဖို့အဆိုပြုထားပြီး တကယ်လို့နိုင်ငံခြားအွန်လိုင်းအခြေခံအဆောက်အဦတွေကနေ ရုရှားကို အင်တာနက် ဖြတ်တောက်ခဲ့မယ်ဆိုရင်တောင် offline မဖြစ်စေဖို့အမျိုးသား Domain Name System တစ်ခု တည်ဆောက်ဖို့လည်း အဆိုပြုထားပါတယ်။

         ရုရှားမှာ ကိုယ်ပိုင်အင်တာနက်စနစ်တစ်ခု တည်ထောင်မယ့် သတင်းဟာ ၂၀၁၇ နှစ်ကုန်ပိုင်းမှာကတည်းက သတင်းထွက်ထားပါတယ်။ ရုရှားဟာ အရန် backup ဆာဗာတွေကို BRICS နိုင်ငံတွေလို့ခေါ်ကြတဲ့ ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ် ၊ တောင်အာဖရိကတို့မှာ ထားရှိသွားဖို့လည်း ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က