ကယ်ဆယ်ရေးမှာ သုံးဖို့ဒီဇိုင်းဆွဲထားတာပါ
Nyein Min Wai

စက်ရုပ်ခြေချောင်းတွေပါရှိပြီး လမ်းလျှောက်နိုင် ၊ အမြင့်တက်နိုင်တဲ့ ကားဒီဇိုင်းတစ်မျိုးကို တောင်ကိုရီးယားကားကုမ္ပဏီ Hyundai က CES 2019 ပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။


         ရိုးရိုး ကားမောင်းတဲ့ drive mode မှာ ဘီးတပ်စက်ရုပ်ခြေတံတွေကို ခေါက်သိမ်းထားနိုင်တဲ့ ဒီ concept ကားကို Hyundai Elevate လို့နာမည်ပေးထားပြီး သာမန်ကားတွေလို ဘီး ၄ ခု ပါပေမယ့် ထူးခြားတဲ့ ဖွဲ့စည်းမှုတွေ ပါရှိပါတယ်။ Hyundai Elevate ဟာ သမရိုးကျ ယာဉ်တွေ ဝင်ရောက်လို့မရနိုင်တဲ့ ဘေးအန္တရာယ်ကျရောက်ရော နေရာတွေကို သွားနိုင်ဖို့ရည်ရွယ်ထားတဲ့ ကားဖြစ်ပြီး လမ်းကြောင်းအနေအထားအမျိုးမျိုးမှာ သွားနိုင်အောင် ထုတ်ထားတာပါ။

         ဒီကားဟာ ၅ ပေအမြင့်ရှိတဲ့ နံရံပေါ် အလွယ်ကလေး တက်နိုင်သလို ၅ ပေကျယ်တဲ့ မြောင်းတွေ ချောက်တွေကိုလည်း ကျော်လွှားနိုင်မှာပါ။ ဒီလို သွားနိုင်ဖို့အတွက် Hyundai ဟာ ကားမှာ စက်လက်တံ mechanical legs ၄ ခုကို ဘီးတွေမှာ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

         "ဆူနာမီလို ၊ ငလျင်လိုမျိုး ကပ်ဘေးနဲ့ကြုံတဲ့အခါမှာ လက်ရှိကယ်ဆယ်ရေးယာဉ်တွေအနေနဲ့ကပ်ဘေးသင့်ပြည်သူတွေကို ကယ်ရာမှာ ငလျင်ဧရိယာရဲ့ အပြင်ဘက်ကနေပဲ ခေါ်ထုတ်နိုင်ပါတယ်။ Elevate ကတော့ အခင်းဖြစ်တဲ့ နေရာကို တိုက်ရိုက်သွားပြီး အပျက်အစီးနဲ့အုတ်ခဲအကျိုးအပဲ့ပုံတွေ ပေါ်ကနေ တွားသွားပြီး ကယ်တင်နိုင်မှာပါ" လို့Hyundai CRADLE ရဲ့ အကြီးအကဲ နဲ့ဒုဥက္ကဌ ဂျွန်ဆူးက ပြောပါတယ်။

Photo: Engadget

         Elevate Concept ကားဟာ နောက်ဆုံးပေါ် လျှပ်စစ် လှုပ်ရှားမှုနည်းပညာပါဝင်တဲ့ ဘီးအထိုင် အတက်အကျလုပ်ပေးမယ့် မော်တာတွေ ပါရှိပြီး စက်ရုပ်ခြေတံတွေရဲ့ ဖွဲ့စည်းမှုဟာ ဦးတည်ရာနေရာကို လိုက်ပြီး မော်တာအလွတ်ရွေ့နိုင်မှုပမာဏ ၅ ဒီဂရီပါရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့်ပဲ တွားသွားသတ္တဝါလိုမျိုးရော နို့တိုက်နိုင်တဲ့ အခြေလေးချောင်း သတ္တဝါတစ်ကောင်လိုပါ မျိုးစုံ ရွေ့လျားနိုင်မှာ ဖြစ်ပါတယ်။ Hyundai ဟာ ဒီ လမ်းလျှောက်နိုင်တဲ့ concept ကား ဒီဇိုင်းအတွက် ၃ နှစ် အချိန်ပေးပြီး ဖန်တီးခဲ့တာပါ။

      


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က