နှစ်နှစ် သုံးနှစ်အတွင်း SEA မှာ 5G ရတော့မည်

         အရှေ့တောင်အာရှနဲ့အာရှဈေးကွက်ဟာ Huawei အတွက် အလားအလာကောင်းတဲ့ ဈေးကွက်တွေ ဖြစ်လာခဲ့ပါတယ်။

         ၂၀၁၈ ဟာ Huawei အတွက် အခက်အခဲနဲ့အပိတ်အဆို့များစွာ ကြုံခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ပေမယ့် ဒီနှစ်ထဲမှာပဲ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်မှုတွေ ၊ စံချိန်သစ်တွေ တင်နိုင်ခဲ့တာကြောင့် ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ထဲမှာပဲ Huawei ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာကို ရောက်လာခဲ့သလို အရှေ့တောင်အာရှဒေသတွင်းမှာလည်း Huawei ရဲ့ consumer business ဟာ အရင်ကထက် ၄၂% ပိုမြှင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။



Photo: Duwun Tech

         MWC 2019 ပွဲမှာ Huawei ရဲ့အရှေ့တောင်အာရှ ဥက္ကဌဖြစ်တဲ့ ဂျိမ်းစ်ဝူရဲ့ ပြောကြားချက်အရ Huawei ဟာ အရှေ့တောင်အာရှတစ်ခွင်မှာ Cloud Services ဝန်ဆောင်မှုကို စတင်ခဲ့တယ်လို့ဆိုပါတယ်။ Huawei ရဲ့ cloud data center တွေကို ဟောင်ကောင်နဲ့ထိုင်းတို့မှာ စတင် ဝန်ဆောင်မှု ပေးနေပြီလို့လည်း ဆိုပါတယ်။

         "ကျွန်တော်တို့ဟာ အရှေ့တောင်အာရှရဲ့ ဒစ်ဂျစ်တယ်အပိုင်းကို တီထွင်ဆန်းသစ်မှုနဲ့ပေါင်းကူးနိုင်အောင် နဲ့ဒေသတွင်း တယ်လီကွန်းဆိုင်ရာ ပြဿနာတစ်ခုချင်းစီကို ဖြေရှင်းပေးဖို့ကြိုးစားနေပါတယ်။" လို့မစ္စတာဂျိမ်းက ဆိုပါတယ်။

         Huawei ဟာ ဒေသတွင်းအစိုးရများနဲ့လည်း ဒစ်ဂျစ်တယ်ရည်မှန်းချက်တွေ ပြည့်မီရေးမှာ ပူးပေါင်းပါဝင်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ အရှေ့တောင်အာရှဟာ Huawei ရဲ့ တိုးတက်လာတဲ့ ဈေးကွက်ထဲမှာ ပါဝင်ပြီး ဒေသတွင်း တယ်လီကွန်းဆိုင်ရာတွေမှာ အဓိက provider အဖြစ် ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။

         ၂၀၁၈ ထဲမှာ Huawei ဟာ Bangkok Platform antenna solution တည်ဆောက်ခဲ့ပြီး မြန်နှုန်းမြင့် LTE ဝန်ဆောင်မှုတွေအတွက် ပံ့ပိုးခဲ့တာပါ။ LTE spectrum ကုန်ကျစရိတ်မြင့်မားမှု အသုံးပြုုမှုနှုန်းထား နည်းပါးမှုအတွက်လည်း Huawei ဟာ CloudAir နည်းပညာကို သုံးထားတာပါ။

         CloudAir နည်းပညာဟာ အပို bandwidth နှုန်းကို ၄၀% ပိုတက်လာစေပြီး သုံးစွဲသူတွေရဲ့ အတွေ့အကြုံကို မြှင့်တင်ပေးနိုင်တဲ့ နည်းပညာလို့ဆိုပါတယ်။ ဒီနည်းပညာကို အိန္ဒိယမှာ ရှိတဲ့ 5G မိုက်ခရိုဝေ့ဖ်နည်းပညာမှာ မိတ်ဆက်ထားပြီး ကြိုးမဲ့ လှိုင်းလွှင့်မှုမှာ လှိုင်းနှုန်းစဉ်ကို ၂ ဆပိုမြင့်စေတယ်လို့ဆိုပါတယ်။

         ပြီးခဲ့တဲ့နှစ်မှာပဲ Huawei ဟာ ထိုင်းနိုင်ငံတွင်း အဆင့်မြင့် သုတေသနနဲ့ဆန်းသစ်မှုတွေ ပံ့ပိုးဖို့KMITL (King Mongkuts's Institute of Technology Ladkrabang) အတွက် 100G SDN Compus Network သိပ္ပံသုတေသနတစ်ခု တည်ထောင်ခဲ့သလို Huawei ရဲ့ 5G ကွန်ရက်နည်းပညာကို ချောင်ဘူရီးမှာ ရှိတဲ့ EEC (Eastern Economic Corridor) မှာ ပထမဆုံး စမ်းသပ်မှု လုပ်ဆောင်ခဲ့ပါတယ်။

Photo: Duwun Tech

         Huawei ဟာ ၂၀၁၈ ခုနှစ်အတွင်း အရှေ့တောင်အာရှတစ်ခွင်မှာ OpenLab ၊ ICT ပညာရေး နဲ့ပညာသင်ဆုပေးခြင်း ၊ ပြိုင်ပွဲများ နဲ့Seeds For the Future ပရိုဂရမ်တွေကနေ ICT talents ရှိတဲ့ လူငယ်ပေါင်း ၈၀၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ Huawei ဟာ ဘင်္ဂလားဒေ့ချ်နိုင်ငံအတွင်း အမျိုးသမီးများ ဒစ်ဂျစ်တယ်အသိဖွံ့ဖြိုးရေးအတွက် Digital Training Bus နဲ့နိုင်ငံအနှံ့အသိပညာဖြန့်ဖြူးခဲ့ပြီး နှစ်ကုန်ပိုင်းမှာ အမျိုးသမီး ၁၆၂၀၀ ကျော်ကို သင်ကြားပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

         ၂၀၁၉ မှာ Huawei ဟာ အရှေ့တောင်အာရှတစ်ခွင်မှာ 5G ဝန်ဆောင်မှု ပေးဖို့အတွက် စတင်နေပြီး ၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်အတွင်း ဒေသတွင်းမှာ 5G ကို commercial use အနေနဲ့ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်အောင် ဝန်ဆောင်မှုပေးဖို့လည်း မျှော်လင့်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က