CES 2020 ပွဲမှာ မိတ်ဆက်ပြသသွားတာပါ

Samsung ဟာ စမတ်ဖုန်းအတွက် မျက်စိနဲ့ မမြင်ရတဲ့ projector ပုံစံ keyboard တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။

CES 2020 ပွဲမှာ မိတ်ဆက်ခဲ့တဲ့ ဒီ keyboard ဟာ နောက်ဆုံးပေါ် စမတ်ဖုန်းတွေရဲ့ ရှေ့ကင်မရာ sensor ကို အသုံးပြုပြီး စာရိုက်သူရဲ့ လက်ချောင်းအနေအထားကို ခြေရာခံတာပါ။ ဖုန်းကို ရှေ့မှာ ထောင်ထားပြီး စားပွဲကြမ်းပြင်လို နေရာလွတ်ကို ကီးဘုတ်လို သဘောထားပြီး စာရိုက်ရတာ ဖြစ်ပါတယ်။




Photo: Business Insider

ဒီနည်းပညာကို SelfieType system လို့ နာမည်ပေးထားပြီး Samsung ရဲ့ ဆန်းသစ်တီထွင်မှုဌာနဖြစ်တဲ့ C-Lab program ကနေ တီထွင်ထားတာပါ။ SelfieType ကို သရုပ်ပြတဲ့ ဗွီဒီယိုမှာ Samsung ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းတွေ ဖြစ်တဲ့ Galaxy S10 ၊ Galaxy fold နဲ့ Samsung တက်ဘလက်တွေနဲ့ စမ်းသပ်ပြခဲ့တာ ဖြစ်ပါတယ်။

အရင်ကလည်း virtual keyboard တွေ ဖန်တီးခဲ့တာ ရှိပေမယ့် SelfieType ကတော့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ထဲမှာပဲ မြင်ရမယ့် ထုတ်ကုန်မျိုး ဖြစ်နေပါတယ်။ အရင်ထွက်ထားတဲ့ Celluon Magic Cube Laser Projection keyborad လိုမျိုး ထုတ်ကုန်တွေမှာဆိုရင် ထုတ်ကုန်နဲ့ ချိတ်ဆက်ဖို့ လိုအပ်တာ ဖြစ်ပြီး SelfieType ကတော့ မျက်စိနဲ့ မမြင်ရတဲ့ ချိတ်ဆက်မှုနဲ့ လှမ်းပြီး ဆက်သွယ်ထားတာပါ။

လေဆာနဲ့ projector နည်းပညာမသုံးဘဲ ရှေ့ကင်မရာနဲ့ပဲ မျက်နှာပြင်နေရာမရွေး စာရိုက်နိုင်တဲ့ နေရာတိုင်းမှာ လက်အရွေ့ကို ခြေရာခံပြီး စာရိုက်တာက ဆန်းကြယ်ပါတယ်။ SelfieType ဟာ machine learning နည်းပညာ သုံးထားပြီး လက်တစ်ချောင်းချင်းစီရဲ့ လှုပ်ရှားမှုကို ကီးရိုက်ချက်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

လောလောဆယ်မှာတော့ SelfieType ဟာ သရုပ်ပြ concept အဆင့်မှာပဲ ရှိသေးပြီး တစ်ချိန်ချိန်မှာတော့ မျက်စိနဲ့ မမြင်နိုင်တဲ့ ကိုယ်ပျောက်ကီးဘုတ်သစ်တွေဟာ လူသုံးကုန်ဖြစ်လာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က