ငွေကြေးအချက်အလက်တွေပါ ပါဝင်ခဲ့တာပါ
Nyein Min Wai

မှတ်ပုံတင်နံပါတ်နဲ့ဖုန်းနံပါတ်တွေအပါအဝင် အီကွေဒေါနိုင်ငံသား အားလုံးလိုလို ရဲ့ အချက်အလက်တွေဟာ အွန်လိုင်းမှာ ပေါက်ကြားသွားခဲ့ပါတယ်။

၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းတွေအရ လူပေါင်း ၁၆.၅ သန်း နေထိုင်ရာ အီကွေဒေါမှာ လူသန်း ၂၀ ကျော်ရဲ့ အချက်အလက်များ ပါဝင်တဲ့ database တစ်ခု ပေါက်ကြားတဲ့ အဖြစ်ဟာ တစ်နိုင်ငံလုံးက နိုင်ငံသားအားလုံးရဲ့ အချက်အလက် ပေါက်ကြားတာလို့ပဲ ပြောရမှာပါ။

BBC သတင်းမှာ ဖော်ပြချက်အရ အရွယ်ရောက်သူ ၁၇ သန်းခန့်ရဲ့ နာမည် ၊ ငွေကြေးဆိုင်ရာ အချက်အလက်နဲ့နိုင်ငံသားဖြစ်ကြောင်း အချက်အလက်တွေ အွန်လိုင်းပေါ် ပေါက်ကြားမှုကို vpnMentor ဆိုတဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုက တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

Photo: Tech Radar

လူပေါင်း ၂၀.၈ သန်းရဲ့ အချက်အလက်များ သိမ်းဆည်းထားတဲ့ Database ပေါက်ကြားမှုမှာ အချက်အလက် စာရင်းသွင်းမှု ထပ်သွားတာနဲ့ကွယ်လွန်သူတို့ရဲ့ အချက်အလက်များ ပါ ပါဝင်တာနေတယ်လို့လည်း ဆိုပါတယ်။ ခန့်မှန်းခြေ လူ ၁၇ သန်း ထဲမှာ ကလေးငယ် ၇ သန်းရဲ့ အချက်အလက်များလည်း ပါဝင်နေပါတယ်။ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေအရ လူနာမည်များ ၊ မှတ်ပုံတင်နံပါတ်များ ၊ မွေးနေ့၊ ဇာတိနဲ့အိမ်လိပ်စာ အပြင် အခွန်ဆောင်သူတွေရဲ့ နံပါတ် ၊ ဘဏ်အကောင့်နဲ့credit အမျိုးအစားလို သန်းနဲ့ချီတဲ့ငွေကြေး မှတ်တမ်းများလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေ ပါဝင်တဲ့ Elasticsearch server ကို Novaestrat ဆိုတဲ့ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ မိုင်ယာမီမှာ ထားတဲ့ ဒီဆာဗာကနေ ပေါက်ကြားသွားတဲ့ လူတွေရဲ့ အချက်အလက်တွေထဲမှာ အီကွေဒေါသမ္မတ နဲ့Wikileaks တည်ထောင်သူ ဂျူလီယန်အက်ဆန့်ချ်တို့လို ပုဂ္ဂိုလ်တွေရဲ့ အချက်အလက်များလည်း ပါဝင်နေပါတယ်။

ပေါက်ကြားမှု ဖြစ်ပြီးနောက် တနလာၤနေ့မှာ ပြည်နယ်ရဲတပ်ဖွဲ့ဟာ Novaestrat ရဲ့ တရားရေးကိုယ်စားလှယ် ဝီလျံရောဘတ်တိုရဲံ အိမ်ကို ဝင်စီးနင်းခဲ့ပြီး အီလက်ထရောနစ်ပစ္စည်းတွေနဲ့ကွန်ပျူတာတွေကို သိမ်းဆည်းခဲ့သလို အက်စ်မာရဲလ်ဒက်စ်ခရိုင်ရဲဌာနမှာ ထိန်းသိမ်းခဲ့ပါတယ်။


Photo:zdnet

" အီကွေဒေါနိုင်ငံသားတွေရဲ့ ပုဂ္ဂလိကအချက်အလက်တွေ ချိုးဖောက်မှု လုပ်ခဲ့တယ်လို့အတည်ပြုချက်ရရင် ဒါက ပြစ်ဒဏ်ပေးရမယ့် ရာဇဝတ်မှုပါပဲ" လို့တယ်လီကွန်း ဆက်သွယ်ရေး ဝန်ကြီး အန်ဒရေးစ်မီချယ်လီနာက Twitter မှာ ရေးသားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အီကွေဒေါအစိုးရရဲ့ လုံခြုံရေး စနစ်တွေဟာ ခေတ်နဲ့တပြေးညီ up-to-date ဖြစ်နေပြီး တိုက်ခိုက်မှုတွေကို သိရှိပြီး တန်ပြန်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။


vpnMentor ဟာ Elasticsearch server အချက်အလက် ပေါက်ကြားမှုကို စက်တင်ဘာ ၁၁ ရက်နေ့က အီကွေဒေါအာဏာပိုင်တွေကို အကြောင်းကြားခဲ့တယ်လို့နိုင်ငံရဲ့ တယ်လီကွန်းဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီပေါက်ကြားမှုကို အမြန်ပိတ်ချခဲ့ပေမယ့် အချက်အလက်တွေရဲ့ လုံခြုံမှုကတော့ စိုးရိမ်စရာ ဖြစ်နေတယ်လို့vpnMentor က သတိပေးခဲ့ပါတယ်။

ပေါက်ကြားမှုမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ကုမ္ပဏီတွေဟာ ငွေကြေး လိမ်လည်မှု ၊ စီးပွားရေးလုပ်ငန်းတွေကြား သူလျှိုထောက်လှမ်းခံရမှုနဲ့တစ်ခြား လုံခြုံရး ခြိမ်းခြောက်ခံရမှုတွေလည်း ကြုံနိုင်တယ်လို့ဆိုပါတယ်။


က္က