မရိုးဖြောင့်တဲ့ လုပ်ရပ်တွေ တားဆီးဖို့လို့ဆိုပါတယ်။

Facebook က အိန္ဒိယနဲ့ပါကစ္စတန်မှ အကောင့်ပေါင်းများစွာ ပါဝင်တဲ့ page နဲ့group တွေကို ဖယ်ရှာခဲ့ကြောင်း ကြေညာလိုက်ပါတယ်။

         ဧပြီ ၄ ရက်နေ့က Facebook ရဲ့ Newsroom ကနေ မူဝါဒနဲ့မကိုက်ညီတဲ့ မရိုးဖြောင့်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အကောင့်တွေ ၊ pages နဲ့groups တွေကို ဖြုတ်ချခဲ့တာ ဖြစ်တယ်လို့ထုတ်ပြန်ခဲ့တာပါ။ အိန္ဒိယအထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာ Facebook ဟာ စုစုပေါင်း page ၊ groups နဲ့အကောင့်ပေါင်း ၁၁၂၆ ခု ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။



Photo: CNN

         ဒီလိုဖယ်ရှားတဲ့ အထဲမှာ အိန္ဒိယကွန်ဂရက်ပါတီ INC ရဲ့ IT Cell နဲ့ဆက်စပ်နေတဲ့ အကောင့်နဲ့ pages ပေါင်း ၆၈၇ နဲ့အိန္ဒိယအိုင်တီလုပ်ငန်း Silver Touch တို့နဲ့ဆက်စပ်နေတဲ့ pages ၊ groups နဲ့အကောင့်ပေါင်း ၁၅ ခု ၊ စုစုပေါင်းအကောင့် ၊ group နဲ့page ပေါင်း ၇၀၂ ခုကို ဖယ်ရှားခဲ့တာပါ။ မရိုးဖြောင့်တဲ့ လုပ်ရပ်မှာ ပူးပေါင်း ပါဝင်မှုနဲ့Facebook နဲ့Instagram တို့ကနေ ဖယ်ရှားခဲ့တဲ့အထဲမှာ ပါကစ္စတန်မှ page နဲ့group ပေါင်း ၁၀၃ ခုပါဝင်ခဲ့ပါတယ်။

         Facebook ဟာ အရေးယူမှုကို ၄ ပိုင်းခွဲပြီး ဖယ်ရှားခဲ့တာ ဖြစ်ပြီး ပထမ ၊ ဒုတိယနဲ့တတိယပိုင်းမှာ ပါကစ္စတန်နဲ့ဆက်စပ်တဲ့ အကောင့်များ အရေးယူခြင်းနဲ့နောက်ဆုံးပိုင်းမှာ မူဝါဒချိုးဖောက်တဲ့ spam လုပ်တဲ့ အကောင့်နဲ့pages ပေါင်း ၃၂၁ ခု အရေးယူမှုတို့ပါဝင်ခဲ့ပါတယ်။ Facebook အနေနဲ့မူဝါဒနဲ့မကိုက်တဲ့ အကောင့် ၊ groups နဲ့pages တွေကို အလိုအလျောက် စနစ်တွေကနေ ထောက်လှမ်းသိရှိပြီး အရေးယူခဲ့တာလို့လည်း ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo: Facebook newsroom

         မတ်လဆန်းပိုင်းကလည်း Facebook ဟာ နိုင်ငံရေး တင်းမာအောင် လှုံ့ဆော်ဖို့ကြိုးစားတဲ့ ယူကေမှ အကောင့်ပေါင်း ၁၃၇ ခု ဖယ်ရှားခဲ့သလို အီရန်နဲ့အင်ဒိုနီးရှားတို့မှ pages ပေါင်း ၉၀၀ ကျော်ကိုလည်း အရေးယူခဲ့တယ်လို့ဆိုပါတယ်။ Facebook ဟာ ၂၀၁၈ ခုနှစ်ကလည်း အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအကြို အကောင့်တုပေါင်း ၁၁၅ ခု ပိတ်ပင်မှု လုပ်ဆောင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က