ယခုလဆန်းကတည်းက စသုံးလာတာပါ

အများပြည်သူ ဘေးအန္တရာယ်ဆိုင်ရာ တင်ကြိုအသိပေးရေးစနစ်အတွက် Google ရဲ့ AI နည်းပညာက အတော်လေးကို အဆင့်မြင့်လာပြီ ဖြစ်ပါတယ်။



Google-Public-Alerts-rolls-out-AI-enabled-flood-forecasting-in-Patna.jpg

Photo: Firstpost

 

Google ဟာ သဘာဝဘေးသတိပေးချက်တွေ ထုတ်ပြန်ဖို့အတွက် Maps နဲ့Search လို apps တွေထဲမှာ SoS Alerts စနစ်တွေ ထည့်သွင်းလာတာ အတော်လေးကြာလာပြီ ဖြစ်ပါတယ်။ အခုတော့ Google ဟာ အိန္ဒိယဗဟိုရေကော်မရှင် CWC နဲ့ပူးပေါင်းပြီး နိုင်ငံအဝှမ်း ရေကြီးရေလျှံမှုတွေကို လူထုဆီ သတိပေးမယ့် AI နည်းပညာကို သုံးစွဲနေတယ်လို့ဆိုပါတယ်။

ဒီ ရေဘေး သတိပေး AI နည်းပညာကို စက်တင်ဘာလဆန်းပိုင်းက ပတ္တနားဒေသမှာပဲ စတင် ဖြန့်ချိထားတာပါ။ ရေကြီးနိုင်တဲ့ အခြေအနေ အလားအလာကို Google AI စနစ်ဟာ ကြိုတင်ခန့်မှန်း တွက်ချက်နိုင်ပြီး လူထုကို ဘေးအန္တရာယ်သတိပေးချက်တွေ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

Google Public Alerts အစီအစဉ်အနေနဲ့ထွက်လာတဲ့ ဒီနည်းပညာဟာ ခေတ်အဆက်ဆက်က သဘာဝဘေးနဲ့၊ မြစ်ရေတက်မှု အနေအထားတွေကို ဖတ်ရှုပြီး ဒေသတစ်ခုချင်းစီရဲ့ မြေပုံအလိုက် သိန်းနဲ့ချီတဲ့  သရုပ်ပြမော်ဒယ်တွေ ထုတ်ပြီး အချက်အလက်တွေကနေ တွက်ချက် ခန့်မှန်းတာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ဘယ်နေရာ ဘယ်အချိန်မှာ မြစ်ရေကြီးမယ် ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။

Google ဟာ ယခုအစီအစဉ်အတွက် CWC နဲ့ဇွန်လထဲမှာ ပူးပေါင်းမှု လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အဖွဲ့အစည်းနှစ်ရပ်ဟာ နည်းပညာပိုင်း ကျွမ်းကျင်မှုများနဲ့ရာသီဥတု တွက်ချက် ခန့်မှန်းမှုများအတွက် အချက်အလက်များ မျှဝေသွားဖို့သဘောတူထားပါတယ်။

Google ဟာ လက်ရှိမှာ အမေရိကန် ၊ ကနေဒါ ၊ ဂျပန်နဲ့ဘရာဇီးအပါအဝင် ဒါဇင်နဲ့ချီတဲ့ နိုင်ငံများမှ အစိုးရအဖွဲ့အစည်းများနဲ့မုန်တိုင်း ၊ ငလျင်စတဲ့ သဘာဝဘေး အသိပေးစနစ်ကို ပူးပေါင်းအကောင်အထည်ဖော်တာပါ။

Photo: indiatimes

 

အိန္ဒိယဟာ ရေကြောင့် သေဆုံးနိုင်ခြေရှိမှုပမာဏမှာ တစ်ကမ္ဘာလုံးရဲ့ ၂၀% ရှိထားတဲ့နိုင်ငံဖြစ်ပြီး ဒီ AI စနစ်ကြောင့် တစ်ကမ္ဘာလုံးက ရေဘေးသင့်နိုင်တဲ့ လူပေါင်း သန်း ၂၅၀ ကို ကယ်တင်နိ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က