iPhone 7ကိုလည်း အိန္ဒိယမှာ ရောင်းနေတာပါ

Apple ဟာ အိန္ဒိယမှာ iPhone ရောင်းအား သိပ်မရှိပါဘူး။

တရုတ်မော်ဒယ် အန်းဒရိုက်ဖုန်းတွေ ကြီးစိုးနေတဲ့ အိန္ဒိယမှာ Apple ဟာ iPhone SE , iPhone 6 , iPhone 6 Plus နဲ့ iPhone 6s Plus တို့ရောင်းချမှူကို ရပ်နားလိုက်ပြီလို့Apple Insider သတင်းက ဆိုပါတယ်။ တန်ဖိုးသင့် စမတ်ဖုန်းတွေ ရောင်းအားမြင့်တက်နေတဲ့ အိန္ဒိယဈေးကွက်မှာ iPhone ရောင်းအား မြင့်တက်လာစေဖို့Apple ဟာ တန်ဖိုးနည်း iPhone မော်ဒယ်ဟောင်းတွေကို အသားပေး ရောင်းချနေတာပါ။



Photo: iMore

iPhone မော်ဒယ်ဟောင်းတစ်ချို့ထဲက iPhone SE နဲ့iPhone 6s တို့ဟာ အိန္ဒိယမှာ ထုတ်လုပ်တာ ဖြစ်ပြီး အခုချိန်မှာ low-end ထဲက iPhone 6s တစ်မျိုးပဲ ချန်ပြီး ကျန်တဲ့ iPhone SE နဲ့iPhone 6,6s နဲ့iPhone 6s Plus တို့ကို ရောင်းချမှူ ရပ်လိုက်တာပါ။ ဒီမော်ဒယ်တွေအတွက် ပစ္စည်း Supply ကို ဇွန်လကတည်းက ရပ်ဆိုင်းလိုက်တာလို့လည်း Economic Times သတင်းမှာ ဖော်ပြထားပါတယ်။

အခုချိန် အိန္ဒိယမှာ ဈေးအနည်းဆုံး iPhone အဖြစ် ဝယ်လို့ရမှာကတော့ iPhone 6s ဖြစ်ပြီး ရူပီး ၂၉၅၀၀ ( မြန်မာငွေ ၆ သိန်းခွဲ) ဖြစ်လို့အရင် iPhone SE ရူပီး ၂၁၀၀၀ ( မြန်မာငွေ ၄ သိန်း ခွဲကျော်) တန်ထက် ရူပီး ၈၀၀၀ ( မြန်မာငွေ ၁ သိန်း ၇ သောင်းခွဲ) ပိုများနေပါတယ်။ အိန္ဒိယမှာ ရောင်းချမှူ ရပ်တန့်လိုက်တဲ့ ဒီ iPhone မော်ဒယ် ၄မျိုးဟာ အမေရိကန်မှာ အဝယ်လိုက်နေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။

Photo: FirstPost

Apple ဟာ အိန္ဒိယမှ ဈေးကွက်ဖြန့်ဖြူးတဲ့ ဆိုင်အရေအတွက်ကိုလည်း ၅ ခုကနေ ၂ ခု အထိ လျှော့ချထားကပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာတော့ Apple အနေနဲ့အိန္ဒိယမှာ ပရီမီယံ စမတ်ဖုန်းထုတ်လုပ်သူအဖြစ် ဖွဲ့စည်းသွားဖို့စီစဉ်ခဲ့ပါတယ်။ ဒါ့အပြင် လက်လီစတိုးဆိုင်တွေကိုလည်း လျှော့ချပြီး Apple Store ကို အိန္ဒိယမှာ စတင်ဖွင့်လှစ်သွားဖို့ပြင်နေပါတယ်။

Apple ဟာ အိန္ဒိယမှာ iPhone SE နဲ့iPhone 6 အပြင် iPhone 7 တို့ကိုပါ တပ်ဆင်ထုတ်လုပ်နေတာပါ။ Apple အနေနဲ့အိန္ဒိယမှာ iPhone SE နဲ့iPhone 6 ထုတ်လုပ်မှူ ရပ်တန့်လိုက်ပြီးနောက် တစ်ခြားမော်ဒယ်တွေ ထုတ်လုပ်မှူပိုင်းကို တိုးချဲ့သွားဖို့ရှိနေပါတယ်။ ကုမ္ဗဏီအနေနဲ့ဖုန်းမော်ဒယ်ဟောင်းတွေ ပြန်ဝယ်ပြီး ငွေပြန်ပေးမယ့် အစီအစဉ်လည်း လုပ်ဆောင်သွားဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က