ပွဲတော်ရက်မှာ ဈေးထပ်ချပေးဦးမှာပါ
Nyein Min Wai

တမီလ်နာဒူးပြည်နယ်ရဲ့ မြို့တော် ချန်နိုင်းက Foxconn စက်ရုံမှာ တပ်ဆင်တဲ့ iPhone XR တွေကို စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

Apple ဟာ အိန္ဒိယမှာ ကုမ္ပဏီရဲ့ ထိပ်တန်း iPhone တွေကို တပ်ဆင်သွားမယ်လို့၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက Reuters သတင်းမှာ ဖော်ပြထားခဲ့တာပါ။ အခုဆိုရင် အိန္ဒိယနိုင်ငံအတွင်းက အီလက်ထရွန်းနစ် လက်လီဆိုင်တွေမှာ storage 64GB ဗားရှင်း iPhone XR ကို ရူပီး ၄၉၉၀၀ ( မြန်မာငွေ ၁၀ သိန်း ၈ သောင်းခန့်) ဈေးနဲ့ရောင်းချနေပါတယ်။

Photo: 9to5mac

အွန်လိုင်းလက်လီစတိုးတွေမှာလည်း iPhone XR ကို ဒီဈေးနဲ့ပဲ ရောင်းချနေတာ ဖြစ်တယ်လို့India Today သတင်းမှာ ဖော်ပြထားပါတယ်။ အိန္ဒိယမှာ ထုတ်တဲ့ iPhone XR ဗူးတွေမှာ Assembled in India ဆိုပြီး စာတန်းထိုးထားတာ ဖြစ်ပါတယ်။ ပွဲတော် ကာလအတွင်းမှာဆို iPhone XR ကို ၃၅၉၉၉ ရူပီး ( မြန်မာငွေ ၇ သိန်း ၈ သောင်းခန့်) ဈေးနဲ့ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။

iPhone XR ဟာ မျက်နှာပြင် ၆.၁ လက်မရှိပြီး LCD display သုံး iPhone တွေထဲမှာ မျက်နှာပြင် အကြီးဆုံးဖုန်းပါ။ glass body သုံးထားပြီး wireless charging သုံးနိုင်တဲ့ ဒီဖုန်းဟာ IP67 rating ရေစိုဖုန်တင် ခံနိုင်မှု ရှိပါတယ်။ Intelligent A12 Bionic chipset ပါပြီး storage ကို 64GB/128GB နဲ့256GB မော်ဒယ်သုံးမျိုးအထိ ထွက်ထားတာပါ။

dual SIM စနစ် ပထမဆုံး သုံးလာပြီး ရှေ့ဘက် True Depth ကင်မရာစနစ်သုံး 7MP နဲ့ကျောဘက် wide-angle lens ပါ 12MP ကင်မရာတစ်လုံး သုံးထားတာပါ။ iPhone XR ဟာ အနက် ၊ အနီ ၊ အဝါ ၊ အပြာ ၊ အဖြူ နဲ့သန္တာရောင် ကာလာ ၆ မျိုးနဲ့ထွက်ထားပါတယ်။

Photo: deccanherald


တိုင်ပေအခြေစိုက် Foxconn ရဲ့ ချန်နိုင်းစက်ရုံဟာ iPhone XS မော်ဒယ်တွေပါ ထုတ်လုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့သတင်းတွေ ထွက်နေပါတယ်။ တစ်နည်းအားဖြင့် အိန္ဒိယရဲ့ ကြီးလေးတဲ့ သွင်းကုန်ခွန် မပေးရဘဲ Apple ရဲ့၂၀၁၈ flagshipဖုန်းတွေကို အိန္ဒိယမှာ ရောင်းချသွားတော့မှာပါ။

Apple ဟာ အိန္ဒိယထုတ် iPhone XR တွေကို အမေရိကန်ဈေးကွက်မှာပါ တင်ပို့သွားတော့ဖို့ရှိပါတယ်။ ဒီအရင်ကတော့ ဘင်ဂလာရူမှာ ရှိတဲ့ Winstron စက်ရုံကနေ iPhone 6s ၊ iPhone SE နဲ့iPhone 7 တွေ ထုတ်လုပ်ခဲ့ပြီး အခုချိန်မှာတော့ ဒီမော်ဒယ်တွေထဲက အများစုကို ရောင်းချမှု ရပ်ဆိုင်းထားပါတယ်။


က္က