၁၇% ထိ စံချိန်တင် တက်ခဲ့တာပါ

ကုမ္ပဏီရောင်းမယ် ပြောခဲ့ပြီးနောက် လုံခြုံရေးနဲ့အိတ်ချိန်းကော်မရှင်ဟာ အီလွန်မတ်စ်အပေါ် အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Chicago-OHare-Express.jpg

Photo: Mercury News

 

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ အီလွန်မတ်စ်ဟာ Tesla ကို ရှယ်ယာတစ်စု ဒေါ်လာ ၄၂၀ နှုန်းနဲ့ပြန်ရောင်းဖို့စဉ်းစားနေတယ်ဆိုပြီး Twitter မှာ ပြောခဲ့တာပါ။ ဒီပြောကြားချက်ကြောင့် စတော့ဈေးကွက်မှာ Tesla ရှယ်ယာ ဝယ်/ရောင်း တန့်သွားခဲ့တယ်လို့ဆိုပါတယ်။

မတ်စ်ရဲ့ စကားကြောင့် လုံခြုံရေးနဲ့အိတ်ချိန်း ကော်မရှင် SEC ဟာ သူ့ကို ဒေါ်လာ သန်း ၂၀ ဒဏ်ရိုက်ခဲ့ပြီး Chairman ရာထူးကနေ ပြုတ်သွားခဲ့တာပါ။ SEC ဟာ Tesla ကုမ္ပဏီကိုပါ ဒဏ်ငွေအဖြစ် ဒေါ်လာ သန်း ၂၀ ဒဏ်ရိုက်ခဲ့ပါတယ်။  CEO အဖြစ်ပဲ ဆက်ရှိနေမယ့် အီလွန်မတ်စ် ရာထူးကနေ ထွက်ခဲ့ရပြီးနောက် Tesla ဟာ လွတ်လပ်တဲ့ ပြင်ပ ဒါရိုက်တာ ၂ ဦးကို ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဇူလိုင်လကုန်ပိုင်းက အီလွန်မတ်စ်ဟာ ဆော်ဒီအာရေဗျကိုယ်စားလှယ်များနဲ့တွေ့ဆုံပြီး ကုမ္ပဏီကို အပြီးအပြတ် ရောင်းချဖို့ဆွေးနွေးခဲ့တာပါ။ ထိုစဉ်က Twitter မှာ မတ်စ်ဟာ ငွေကြေးကိစ္စ စိတ်ချရတယ်လို့ပါ ထည့်ရေးခဲ့တာပါ။ ဒီကြေငြာချက်ကြောင့်အီလွန်မတ်စ်ဟာ Tesla မှာ အနည်းဆုံး ၃ နှစ်ကြာအောင် ဘုတ်အဖွဲ့ဝင် ရှယ်ယာမန်းအဖြစ်ကနေ ပလပ်ခံထားရမှာ ဖြစ်ပါတယ်။

ဧပြီလဆန်းပိုင်းက မတ်စ်ရဲ့ ဝန်ထမ်းတွေကို ပေးပို့တဲ့ အီးမေးလ်မှာ Tesla ဟာ တစ်ပတ်ကို Model 3 အစင်းရေ ၂၀၀၀ အထိ ထုတ်လုပ်နေတယ်လို့ဆိုပါတယ်။Tesla ဟာ ၂၀၁၈ ပထမသုံးလပတ်အတွင်း တစ်ပတ်ကို Model 3 ဆီဒင်ကားအစင်းရေ ၂၅၀၀ ထုတ်လုပ်နိုင်ဖို့ပစ်မှတ်ထားခဲ့တာ ဖြစ်လို့ ဒါကလည်း ကုမ္ပဏီရဲ့ မှန်းထားတဲ့ ထုတ်လုပ်မှု ပမာဏကိုတော့ ရောက်ရှိမလာသေးပါဘူး။

Photos: The New York Times

 

ဒီအဆုံးအဖြတ်တွေရဲ့ အကျိုးဆက်အနေနဲ့Tesla ဟာ ရှယ်ယာ ၁၇% ထိ ထောင်တက်သွားခဲ့ပါတယ်။ Tesla ကုမ္ပဏီတစ်လျှောက်မှာ မတ်လ ၂၀၁၃ ရဲ့ မှတ်တမ်းဖြစ်တဲ့ ရှယ်ယာ ၁၃% တက်ရာကနေ အခုလို စံချိန်သစ်တင်သွားတာလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာ Tesla ရဲ့ စတော့ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၅၁.၈ ဘီလျံ တန်ဖိုးရှိ ကားကုမ္ပဏီ ဖြစ်လာခဲ့ပြီး General Motors ပြီးရင် အမေရိကန်ရဲ့ ဒုတိယအကြီးဆုံး ကားကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။



က္က