US စီးပွားရေး ပိတ်ဆို့မှုလွတ်ချိန်မှာ လုပ်ငန်းများ ချက်ချင်း စတင်သွားမယ်လို့ပြောပါတယ်
Nyein Min Wai

အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ စီးပွားရေးဖြတ်တောက် အရေးယူမှုဒဏ်ခံထားရတဲ့ ZTE ဟာ စီးပွားရေးအရတင် ထိခိုက်နစ်နာရတာ မဟုတ်ဘဲ သန့်စင်ခန်းမှာပါ ပြဿနာတက်လာနေပြီလို့ဆိုပါတယ်။

22.JPG 

တရုတ်သတင်းဌာနဖြစ်တဲ့ South China Morning Post ရဲ့အဆိုအရ ရှန်ကျန်းမှာရှိတဲ့ ZTE ရုံးတစ်ရုံးမှာ အသုံးပြုနေတဲ့ သန့်စင်ခန်းသုံး ဆီးခွက်အပျက်ကို ပြင်ဆင်ဖို့အတွက် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် အခက်တွေ့နေတယ်လို့ဆိုပါတယ်။ ရှန်ကျန်းရုံးမှာ သုံးထားတဲ့ဆီးသွားခွက်ဟာ နယူဂျာစီအခြေစိုက် American Standard ကနေ ထုတ်လုပ်ထားတာ ဖြစ်ပြီး လက်ရှိ အမေရိကန်ကုန်သွယ်ဌာနရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် ဒီဆီးခွက်ကို ပြင်ဖို့ အပိုပစ္စည်း မှာယူလို့မရဖြစ်နေတယ်လို့ဖော်ပြထားပါတယ်။ အမေရိကန်ဘက်မှ ပစ္စည်းမှာယူခွင့် ပိတ်ပင်ထားခြင်းကြောင့် ဆီးခွက်ပြင်မရတဲ့ ပြဿနာအကြောင်းကို တရုတ်လူမှုကွန်ရက် Weibo မှာ ဓါတ်ပုံနဲ့တကွ တက်လာခဲ့ပါတယ်။

ဒီပုံမှာတော့ "ကျွန်တော်တို့ကုမ္ပဏီဟာ အခု US အစိုးရရဲ့ တင်ပို့ကုန်ပိတ်ပင်ခံရခြင်းကြောင့် American Standard ထုတ် ရေချိုးခန်းသုံးပစ္စည်း ဝယ်မရဖြစ်ပြီး မပြုပြင်နိုင်တာပါ " လို့လည်း ရေးထားပါတယ်။ ဒီအကြောင်းကို ZTE ဝန်ထမ်းတစ်ဦးကလည်း အတည်ပြုထားပြီး တင်ပို့ကုန်ပိတ်ပင်မှုကို ဖယ်ရှားပြီဆိုတာနဲ့လုပ်ငန်းအားလုံးကို လည်ပတ်တာ ၊ လိုအပ်တာတွေ ပြုပြင်တာ ၊ ထိန်းသိမ်းတာ လုပ်ဆောင်သွားမှာဖြစ်သလို အဆင်မပြေဖြစ်ရတာတွေအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ဆိုပါတယ်။

large.jpg 

ယခုနှစ် ဧပြီလကစပြီး ကုန်သွယ်မှုစည်းမျဉ်းဥပဒေများ ချိုးဖောက်ခြင်းကြောင့် ZTE ဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုများနဲ့စတင်ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး ဆန်ရှင် ပထမ ၁ ပတ်အတွင်း ZTE ရဲ့ ပင်မစီးပွားရေးလည်ပတ်မှုများ ရပ်ဆိုင်းသွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အထိ စီးပွားရေးပိတ်ဆို့မှုဒဏ်ခံရဖို့ရှိတဲ့ ZTE ဟာ အမေရိကန်အာဏာပိုင်များနဲ့အရေးယူမှုကို ပယ်ဖျက်ဖို့အကြိုသဘောတူညီချက်ရထားတယ်ဆိုပေမယ့် ကန်လွှတ်တော်အမတ်များကတော့ ZTE ကို ဆက်လက်ပိတ်ဆို့အရေးယူဖို့မဲပေးထားပါတယ်။

 

ZTE အနေနဲ့အမေရိကန် supply chain များနဲ့စီးပွားရေးဆက်လုပ်ခွင့် မသေချာသေးသလို တကယ်လို့ပိတ်ဆို့မှုဒဏ်ကနေ ပြန်ပြီး ကင်းလွတ်ဖို့အတွက်ဆိုရင်လည်း အနည်းဆုံးဒေါ်လာ ၁.၇ ဘီလျံကျော် ပေးဆောင်သွားရဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က