လာမယ့်အပတ်တွေမှာ ဒီကုမ္ပဏီတွေနဲ့ဆင်ဆာဖြတ်မှုအကြောင်း စကားပြောတော့မှာပါ
Nyein Min Wai

သမ္မတထရမ့် ဦးဆောင်ပြီး အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ Social Media Summit မှာ Google၊ Facebook နဲ့Twitter တို့ဟာ ဖိတ်ကြားမခံခဲ့ရသလို တိုက်တိုက်ဆိုင်ဆိုင် အဆိုပါပွဲကျင်းပနေစဉ် အမေရိကန်တစ်ဝှမ်း Twitter သုံးစွဲသူ အတော်များများဟာ လိုင်းကျတဲ့ ပြဿနာနဲ့ကြုံခဲ့တယ်လို့ဆိုပါတယ်။

Photo: CNN

         ကြာသာပတေးနေ့က ကျင်းပသွားတဲ့ ပထမဆုံးအကြိမ် Social Media Summit မှာ လက်ယာယိမ်း ကွန်ဆာဗေးတစ်တွေ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲကျင်းပစဉ်မှာ Twitter ဟာ တစ်နာရီကျော်ကြာ လိုင်းပြတ်တောက်မှု ဖြစ်ပွားခဲ့တယ်လို့The Verge သတင်းမှာ ဖော်ပြထားပါတယ်။ Twitter ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒါဟာ စနစ်ရဲ့ အတွင်းပိုင်းပြုပြင်မှုအပြောင်းအလဲကြောင့် လိုင်းကျရတာ ဖြစ်တယ်လို့ဖြေရှင်းခဲ့ပါတယ်။

         Social Media Summit မှာ သမ္မတထရမ့် မိန့်ခွန်းမပြောခင်ကလေးမှာ Twitter ဝန်ဆောင်မှု ပြန်ရလာခဲ့ပါတယ်။ သမ္မတထရမ့်နဲ့Social Media ကုမ္ပဏီတွေအကြားမှာ အဖုအထစ်များ ရှိထားခဲ့ပြီး Facebook နဲ့Twitter တို့ဟာ သမ္မတထရမ့်ရဲ့ ပို့စ်နဲ့Tweet တွေကို လူထုဆီရောက်အောင် ဖြန့်ကျက်မှု ကန့်သတ်ထားတယ်လို့စွပ်စွဲခံထားရပါတယ်။

         Twitter မှာ Followers ပေါင်း ၆၁ သန်း ခန့်ရှိထားတဲ့ သမ္မတထရမ့်ဟာ သူ့ရဲ့ followers တွေကို Twitter ကနေ တိုက်ရိုက်ဆက်သွယ်သူ ဖြစ်ပါတယ်။ follower သန်းပေါင်းများစွာ ရှိထားပေမယ့် Twitter ဟာ သူ့ကို ပိတ်ပင်ကန့်သတ်မှုတွေ လုပ်ဆောင်ထားတယ်လို့သမ္မတထရမ့်က ဆိုပါတယ်။  သမ္မတထရမ့်ပြောတဲ့ နည်းပညာနဲ့ဘက်လိုက်တယ်ဆိုတဲ့ အပေါ် အထောက်အထား မတွေ့ရသေးသလို Twitter ရဲ့ CEO ဂျက်ဒေါ်ဆီကလည်း ၂၀၁၉ နှစ်ဆန်းပိုင်းက အိမ်ဖြူတော်မှာ သမ္မတထရမ့်နဲ့ဒီအကြောင်းကို တိုက်ရိုက်ဆွေးနွေးခဲ့ပါတယ်။

Photo: Reddit

         သမ္မတထရမ့်အနေနဲ့ဆင်ဆာဖြတ်မှုအကြောင်း ဆွေးနွေးပွဲကြီးတစ်ခုကို လာမယ့် ရက်သတ္တပတ်တွေမှာ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဒီပွဲမှာတော့ Social Media ကုမ္ပဏီတွေကို ဖိတ်ခေါ်သွားမယ်လို့ဆိုပါတယ်။ ထရမ့်ဟာ သူ့ရဲ့ အစိုးရအဖွဲ့ကို အမေရိကန်အားလုံးရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ကာကွယ်ဖို့အတွက် စည်းမျဉ်းဥပဒေတွေ ဖော်ထုတ်ဖို့ညွှန်ကြားခဲ့ပါတယ်။

         ဒီလထဲမှာ လူမှုကွန်ရက်ကုမ္ပဏီတွေ ဆက်သွယ်ရေးပြတ်တောက်မှု အမြောက်အများဖြစ်ခဲ့ပြီး Facebook ၊ Instagram နဲ့WhatsApp တို့ဟာ တစ်ရက်ခန့်လိုင်းပြတ်တောက်ခဲ့သလို LinkedIn လည်း နာရီပေါင်းများစွာ သုံးမရဖြစ်ခဲ့ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ


က္က