Contract worker တွေကိုလည်း လစာပေးသွားမှာပါ

COVID-19 ဖြစ်ပွားနေစဉ်အတွင်း အိမ်ကနေ အလုပ်လုပ်ရတဲ့ ဝန်ထမ်းတွေကို Facebook ဟာ ဒေါ်လာ ၁၀၀၀ ဆုကြေးပေးသွားမယ်လို့ ဆိုပါတယ်။

Facebook ရဲ့ အချိန်ပြည့်ဝန်ထမ်းတွေပဲ ဒီဆုကြေး ခံစားခွင့်ရမှာ ဖြစ်ပြီး contract နဲ့ အလုပ်လုပ်နေတဲ့ တစ်ခြား Third-party ကုမ္ပဏီဝန်ထမ်းတွေကိုတော့ ပုံမှန်လစာပြည့် ခံစားခွင့်ပေးသွားမယ်လို့ မတ်ခ်ဇူကာဘတ်ရဲ့ ကုမ္ပဏီအတွင်းပေးပို့တဲ့ စာမှာ‌ ဖော်ပြထားပါတယ်။

Photo: BBC




" ဒေါ်လာ ၁၀၀၀ ဆုကြေးက အိမ်ကနေ အလုပ်လုပ်နေကြတဲ့ အချိန်ပြည့် Full Time ဝန်ထမ်းတွေအတွက်ပါ။ Contract Workers တွေကိုလည်း အလုပ်မလုပ်နိုင်ရင်တောင်မှ အိမ်မှာ နေခိုင်းပြီး လုပ်ခလစာပေးနေပါတယ်" လို့ Facebook ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက Tech Crunch ကို ပြောပါတယ်။

Facebook မှာ အပြင်Third-Party Contractors တွေကနေ Content အစီအစဉ် ထိန်းကျောင်းနေတဲ့ ဝန်ထမ်းပေါင်း ၁၅၀၀၀ ခန့် ခန့်အပ်ထားပါတယ်။ Facebook ရဲ့ အချိန်ပြည့်ဝန်ထမ်းတွေဟာ လူမှုကွန်ရက်ပလက်ဖောင်းပေါ် စိတ်ကျန်းမာရေးပေါ်သက်ရောက်နိုင်တဲ့ contents တွေ ရောက်ရှိလာမှု လျော့ကျစေဖို့ ထိလွယ်ရှလွယ်အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရတာပါ။

ဒီလို Sensitive topics တွေကို အဆုံးအဖြတ်ချသူတွေကို လူတွေနဲ့ခွဲပြီး အိမ်မှာ ထားရှိခြင်းဟာ စိတ်ဓါတ်ကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်စေနိုင်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများတာကြောင့် အခုလို ထောက်ပံ့တာ ဖြစ်တယ်လို့ မတ်ခ်ဇူကာဘတ်က BBC ကို ပြောပါတယ်။


Photo: iqsanews

Facebook ဟာ လူမှုကွန်ရက်စည်းမျည်းချိုးဖောက်တဲ့ Contents တွေကို အလိုအလျောက် ရှာဖွေ ဖယ်ရှားဖို့အတွက်လည်း algorithms တွေ သုံးထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဆော့ဖ်ဝဲလ်ပြဿနာတစ်ခုကြောင့် ကိုရိုနာဗိုင်းရပ်စ်အကြောင်း တရားဝင်သတင်းဌာနတွေရဲ့ ဖော်ပြတဲ့ ပို့စ်တွေကို Spam အဖြစ် မှားယွင်းသတ်မှတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မှားယွင်းပြီး ဖယ်ရှားမိတဲ့ ဒီပို့စ်တွေကို နောက်ပိုင်းမှာ ပြန်တင်ပေးခဲ့တယ်လို့ Facebook ဒုဥက္ကဌတစ်ဦးဖြစ်တဲ့ ဂိုင်းရိုဆန်က ဆိုပါတယ်။ Facebook ဟာ ဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာနေတဲ့ စီးပွားရေးလုပ်ငန်းငယ်များကို‌ ထောက်ပံ့ဖို့ ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ရေး အစီအစဉ်တစ်ခုလည်း လုပ်ဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က