ရုရှားနဲ့စပိန်တို့က အကောင့်တွေလည်း ဖြုတ်ချခဲ့ပါတယ်။
Nyein Min Wai

     Twitter ဟာ အီရန်အစိုးရကနေ တိုက်ရိုက်ပံ့ပိုးမှု ရှိတယ်လို့ယူဆရတဲ့ အကောင့်ပေါင်း ၄၃၀၀ နီးပါးကို ပယ်ဖျက်ပြီး ကုမ္ပဏီရဲ့ public database ထဲမှာ ထိန်းသိမ်းခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

         လူမှုကွန်ရက်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Twitter ဟာ ဇွန်လ ၁၃ ရက်နေ့က ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒီအစီရင်ခံစာထဲမှာ အီရန် ၊ ရုရှား ၊ စပိန်နဲ့ဗင်နီဇွဲလားတို့မှ စည်းကမ်း ဖောက်ဖျက်တဲ့ Twitter အကောင့်တွေကို ဖြုတ်ချခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

Photo: Fossbytes

         အီရန်နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအကျိုးအတွက် ရေးသားသူတွေနဲ့အွန်လိုင်းစကားရည်လုပွဲတွေ ဖြစ်စေဖို့profile တုနဲ့လှုံ့ဆော်တဲ့ အကောင့်ပေါင်း ၄၇၇၉ ခုကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ အီရန်နိုင်ငံက စည်းကမ်းဖောက်တဲ့ Twitter users တွေကို အရေးယူရာမှာ အုပ်စုပုံစံ ၃ မျိုးနဲ့ခွဲပြီး အရေးယူခဲ့တာပါ။ ပထမအုပ်စုမှာ အကောင့်ပေါင်း ၁၆၆၆ ခု ပါပြီး အီရန်အစိုးရကို ထောက်ခံတဲ့ Global news တွေ တင်လို့ဖြစ်ပြီး အစ္စရေးကိစ္စ ဆွေးနွေးမှု အဓိက လုပ်တဲ့ အကောင့် ၂၄၈ ခုခကို ဒုတိယအုပ်စုအဖြစ် အရေးယူခဲ့ပါတယ်။ တတိယအုပ်စုမှာတော့ အီရန် နိုင်ငံရေးနဲ့လူမှုရေး ကိစ္စတွေကို ပစ်မှတ်ထားဖို့သုံးတဲ့ Fake Profile အကောင့်တွေ လို့ဆိုပါတယ်။

         Twitter ဟာ ရုရှားအင်တာနက် သုတေသနအေဂျင်စီ (IRA) နဲ့ဆက်စပ်နေတဲ့ Twitter အကောင့် ၄ ခုကိုလည်း ဖယ်ရှားခဲ့တယ်လို့ကြေညာထားပါတယ်။ ၂၀၁၉ နှစ်ဆန်းပိုင်းကစပြီး Twitter ဟာ ကတ်တလန်လွတ်မြောက်ရေး လှုပ်ရှားမှုနဲ့တိုက်ရိုက်ဆက်စပ်နေတဲ့ စပိန်မှ အကောင့်တုပေါင်း ၁၃၀ ကို ဆိုင်းငံ့အရေးယူခဲ့သလို ဗင်နီဇွဲလားနိုင်ငံက အကောင့် ၃၃ ခုလည်း ပိတ်သိမ်းခဲ့ပါတယ်။ Twitter ဟာ လူမှုကွန်ရက် ပွင့်လင်းမြင်သာမှု စိစစ်ရေးအတွက် Twitter Transparency Report ကို တစ်နှစ် ၂ ကြိမ် ထုတ်ပြန်နေတာပါ။

Photo: Mashable


         လက်ရှိ ပိတ်သိမ်းထားတဲ့ အကောင့်တွေကို public database မှာ သုံးထားပြီး သုတေသီတွေကို ဒီ Tweets တွေကို စုံစမ်းဖို့အတွက် public API တစ်ခု ပေးထားတယ်လို့ဆိုပါတယ်။ Tweets ပေါင်း သန်း ၃၀ ကျော်နဲ့ဒေတာပေါင်း 1 TB ကျော် ပါရှိတဲ့ ဒီ datasets တွေကို ကမ္ဘာတစ်ဝှမ်းက သုတေသီ ထောင်ပေါင်းများစွာဟာ ဒေါင်းလုပ်ဆွဲပြီး လွတ်လပ်စွာ စုံစမ်းစိစစ်နိုင်တယ်လို့Twitter ရဲ့ Site Integrity အကြီးအကဲ Yoel Roth ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က