Apple အတွက် iPhone တွေ ထုတ်လုပ်ပေးနေတဲ့ Foxconn ဟာ အိန္ဒိယနိုင်ငံ ချန်နိုင်းအနီးစက်ရုံမှာ iPhone 11 တွေ စတင်ထုတ်လုပ်နေပြီလို့ ဆိုပါတယ်။

ဒေသတွင်းထုတ်လုပ်ထားတဲ့ iPhone 11 ပထမအသုတ်မော်ဒယ်တွေကို လက်လီစတိုးတစ်ချို့မှာပါ တင်ပို့ရောင်းချနေပြီး ထုတ်လုပ်မှုကိုတော့ ကန့်သတ်ထားတယ်လို့ Tech Crunch သတင်းမှာ ဖော်ပြထားပါတယ်။ Apple အနေနဲ့ အိန္ဒိယနိုင်ငံအတွင်း iPhone ထုတ်လုပ်မှုကို တိုးမြှင့်ဖို့လည်း ရှိပါတယ်။ iPhone 11 ထုတ်လုပ်မှုကို အိန္ဒိယမှာ လုပ်ဆောင်ခြင်းကလည်း iPhone ထုတ်လုပ်မှုအတွက် တရုတ်ပေါ် မှီခိုမှုကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။



Photo: Tech Crunch


Apple ရဲ့ ကန်ထရိုက်ထုတ်လုပ်ရေး မိတ်ဖက် Wistron ဟာ ၂၀၁၇ က စပြီး iPhone မော်ဒယ်ဟောင်းတွေကို အိန္ဒိယမှာ တပ်ဆင်ထုတ်လုပ်လာတာပါ။ Apple ဟာ Winstron မှ တစ်ဆင့် အိန္ဒိယမှာ iPhone SE ပထမမျိုးဆက် ၊ iPhone 6s နဲ့ iPhone 7 စီးရီးတွေ ထုတ်လုပ်ခဲ့ပါတယ်။ အိန္ဒိယပြင်ပမှာ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတင်သွင်းမှုမှ သွင်းကုန်အခွန် ၂၀% ကောက်ခံမှုကနေ ‌ရှောင်ရှားဖို့အတွက်လည်း အိန္ဒိယမှာ iPhone များ တပ်ဆင်ထုတ်လုပ်လာတာ ဖြစ်ပါတယ်။

Foxconn ကလည်း အိန္ဒိယမှာ iPhone ထုတ်လုပ်မှုအတွက် နောက်ထပ် ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှပ်နှံမယ်လို့ သတင်းထွက်နေပါတယ်။ အိန္ဒိယတောင်ပိုင်းမှာ တည်ထားတဲ့ Foxconn စက်ရုံဟာ လက်ရှိမှာ iPhone XR မော်ဒယ်တွေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ Sriperumbudur မြို့အနားမှာ ရှိတဲ့ စက်ရုံတိုးချဲ့မှု အပြီးသတ်ဖို့ ၃ နှစ် ကြာမြင့်မှာ ဖြစ်ပြီး အလုပ်အကိုင်သစ်ပေါင်း ၆၀၀၀ ခေါ်ဆိုသွားမယ်လို့ ဆိုပါတယ်။

Apple ဟာ ၂၀၂၀ မော်ဒယ် iPhone SE ကိုလည်း ဘန်ဂလောမြို့အနားမှာ ရှိတဲ့ Wistron စက်ရုံကနေ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ 

Share

Loading Next Article...
က္က