iPhone တွေလည်း အိန္ဒိယမှာ တပ်ဆင်ထုတ်လုပ်နေပါတယ်

Apple ဟာ လာမယ့်သီတင်းပတ်အတွင်း အိန္ဒိယမှာ ကုမ္ပဏီရဲ့ ပထမဆုံး အွန်လိုင်းစတိုးကို ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

ဒီဝါလီပွဲတော် မတိုင်ခင် အိန္ဒိယမှာ Apple အွန်လိုင်းစတိုးကို ဖွင့်လှစ်သွားမယ်လို့ ဩဂုတ်လကုန်ပိုင်းက Bloomberg သတင်းမှာ ဖော်ပြဖူးပါတယ်။ အခုတော့ ကုမ္ပဏီကနေ တရားဝင်သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်နေ့ အိန္ဒိယမှာ အွန်လိုင်းစတိုးဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။



Photo: Tech Crunch

Apple ဟာ အိန္ဒိယမှာ နှစ်ပေါင်း ၂၀ ကျော် လုပ်ငန်းလည်ပတ်ခဲ့ပေမယ့် တရားဝင်အွန်လိုင်းစတိုးဆိုင်ကိုတော့ လာမယ့်အပတ်မှပဲ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအထိ Apple ရဲ့ ထုတ်ကုန်တွေကို အိန္ဒိယနိုင်ငံအတွင်း ဖြန့်ချိရာမှာ တစ်ဆင့်ခံအရောင်းဆိုင်တွေနဲ့ Amazon နဲ့ Flipkart တို့လို e-commerce လုပ်ငန်းတွေကနေ တစ်ဆင့် ရောင်းချတာပါ။

Apple Online Store မှာ ဖောက်သည်တွေဟာ Apple Specialist တွေဆီက အကူအညီနဲ့ ကိုယ်ဝယ်လိုတဲ့ ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Apple Specialist တွေဟာ ဖောက်သည်တွေကို ထုတ်ကုန်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြေရှင်းပေးတာနဲ့ လိုအပ်တဲ့ ဝန်ဆောင်မှုပေးတာတွေကို ဟင်ဒီနဲ့ အင်္ဂလိပ်နှစ်ဘာသာနဲ့ ဆောင်ရွက်ပေးမှာပါ။

Photo: abcnews

ဝယ်ယူသူတွေဟာ Apple အွန်လိုင်းစတိုးတွေကနေ ထုတ်ကုန်တွေကို Debit Card ၊ Credit Card EMI ၊ Net Banking ၊ Credit Card ၊ UPI နဲ့RuPay တို့နဲ့ ပေးချေဝယ်ယူနိုင်မှာပါ။ အွန်လိုင်းက ဝယ်တဲ့ ထုတ်ကုန်တွေအတွက်က Apple ဟာ ဝန်ဆောင်ခ အခမဲ့ပေးသွားမယ်လို့ ဆိုပါတယ်။

Apple ဟာ အိန္ဒိယတောင်ပိုင်း ပြည်နယ်နှစ်ခုမှာ ရှိတဲ့ Foxconn နဲ့ Wistron စက်ရုံတွေကနေ iPhone 11 အပါအဝင် စမတ်ဖုန်းတစ်ချို့ပါ တပ်ဆင်ထုတ်လုပ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က