Cloud စီးပွားရေး အပြိုင်အဆိုင် မြင့်နေပါတယ်

ကမ္ဘာတစ်လွှား Cloud Computing ဝန်ဆောင်မှုတိုးချဲ့နေစဉ် Micorsoft ကော်ပိုရေးရှင်းဟာ အီတလီမှာ ဒေါ်လာ ၁.၅ ဘီလျံရင်းနှီးမြှပ်နှံမယ့် အစီအစဉ်တစ်ရပ် ကြေညာခဲ့ပါတယ်။ 

ဒေါ်လာ ၁.၅ ဘီလျံ ရင်းနှီးမြှပ်နှံမယ့် အစီအစဉ်ရဲ့အောက်မှာ အီတလီမှာ ကုမ္ပဏီရဲ့ပထမဆုံး ဒေတာစင်တာနယ်မြေတစ်ခုပါ ဖန်တီးသွားမယ်လို့ Reuters က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ Microsoft ရဲ့ ပြိုင်ဘက် Amazon Web Services ဟာ မီလန်မြို့မှာ ဒေတာစင်တာနယ်မြေတစ်ခု ဖွင့်လှစ်ခဲ့သလို Google ကလည်း မတ်လထဲမှာ Telecom Italia နဲ့ ပေါင်းပြီး အီတလီမှာ Cloud စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ဖို့ သဘောတူညီမှု ရခဲ့ပါတယ်။


Photo: barrons

Microsoft ရဲ့ ဒေတာစင်တာနယ်မြေသစ်ဟာလည်း မီလန်မြို့မှာ အခြေစိုက်မှာ ဖြစ်ပြီး ကျန်တဲ့ Microsoft ရဲ့ ဒေတာစင်တာနယ်မြေ ၆၀ နဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ Microsoft ဟာ စပိန်နို်ငငံမှာ ဒေတာစင်တာသစ် ဖွင့်မယ့်အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ယခုတစ်ပတ်ဆန်းကလည်း ကုမ္ပဏီဟာ ပိုလန်နိုင်ငံ cloud စီးပွားရေးပိုင်း တိုးချဲ့ဖို့ data center တစ်ခု ဖွင့်လှစ်မယ့် အစီအစဉ်အစိတ်အပိုင်းအနေနဲ့ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှပ်နှံသွားမယ်လို့ ဆိုပါတယ်။ 

အီတလီမှာပဲ ၅ နှစ် အစီအစဉ်ရဲ့ အောက်မှာ ကုမ္ပဏီဟာ ဒေသတွင်း Cloud ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပြီး အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် စမတ်အလုပ်လုပ်ကိုင်မှု ၊ ဒီဂျစ်တယ်ကျွမ်းကျင်မှု နဲ့ AI ပရိုဂရမ်တွေ လုပ်ဆောင်ဖို့လည်း စီစဉ်ထားပါတယ်။


လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေဟာ ဒီဂျစ်တယ်လုပ်ငန်းစဉ်ပေါ် ပိုမိုမှီခိုလာရချိန်မှာ အီတလီ Cloud စီးပွားရေးဈေးကွက်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်း ဆယ်ရာခိုင်နှုန်းကျော် တိုးလာမယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေမှ ခန့်မှန်းထားပါတယ်။



က္က