အိုင်ယာလန်ကတော့ ပြန်ယူဖို့ငြင်းနေပါတယ်
Nyein Min Wai

၂၀၁၆ ခုနှစ်က ဥရောပကော်မရှင်ဟာ အိုင်ယာလန်နိုင်ငံပေါ် အခွန်ရှောင်ခဲ့တဲ့ Apple ကို ဒဏ်တပ်ခဲ့ပါတယ်။

160830080947-eu-apple-780x439.jpg

Photo: The iBulletin

 

EU ရဲ့ အဆိုအရ Apple ဟာ အိုင်ယာလန်နိုင်ငံမှာ ပေးရမယ့် ကုန်သွယ်ခွန် ၁၂.၅% ထဲကမှ အခွန်ရဲ့ ၂%အောက်ပဲ ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အခုချိန်မှာတော့ Apple ဆီက ရရန်ကျန်နေတဲ့ ယူရို ၁၃.၁ ဘီလျံ (ဒေါ်လာ ၁၅.၃ ဘီလျံ) ပြန်ရခဲ့ပြီ ဖြစ်ပါတယ်။

"အိုင်ယာလန်ကနေ Apple ယူထားတဲ့ အခွန်တွေ အကုန်ပြန်ရပြီ ဖြစ်လို့ဒီအမှုကို ဖျက်သိမ်းလိုက်ပါပြီ" လို့ကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရီကာဒို ကာဒိုဆိုက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မေလထဲမှာ Apple ဟာ အိုင်ယာလန်ကို တိမ်းရှောင်ထားတဲ့ အခွန်တွေ ပြန်ပေးမယ်လို့ကြေငြာခဲ့ပါတယ်။ ထူးဆန်းတာက အိုင်ယာလန်နိုင်ငံကတော့ ဒီအခွန်တွေ ပြန်ယူဖို့ငြင်းဆန်နေတာပါ။ အကြောင်းတစ်ခုက အိုင်ယာလန်ဟာ နိုင်ငံခြား ကော်ပိုရေးရှင်းများ ဆီကနေ ပြည်တွင်းရင်းနှီးမြှပ်နှံမှု စီးကြောင်းထဲ မွေ့လျော်စေဖို့အခွန်ခကို တမင်လျှော့ကောက်ဖို့မူချထားတာလို့ဆိုပါတယ်။

Apple ဟာ ၂၀၀၃ ကနေ ၂၀၁၄ အထိ ၁၁ နှစ်တာ ကာလအတွင်း အခွန်နှုန်းထားအနေနဲ့ EU ကို အမြတ်ပေါ်မှာ ဝ.၀၀၅% နှုန်းပဲ ပေးဆောင်ခဲ့ရတာပါ။ ၂၀၀၃ ခုနှစ်နဲ့အရင်ကတော့ Apple ဟာ EUကို အမြတ်ငွေထဲက ၁% ပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် ယူရိုသန်းနဲ့ချီမြတ်မှ ပေါင် ၅၀၀ ပဲ အခွန်ပေးခဲ့တာ ဖြစ်ပါတယ်။

Apple ဟာ နယူးဇီလန်မှာလည်း ဆယ်စုနှစ်တစ်ခုကြာ ဝင်ငွေခွန်ရှောင်ခဲ့တယ်လို့ဆိုပါတယ်။ Apple ဟာ နယူးဇီလန်နိုင်ငံမှာ ၁၀ နှစ်အတွင်း ဒေါ်လာ ၄.၂ ဘီလျံဖိုး ရောင်းချခဲ့ပြီး ဝင်ငွေခွန် ၃၇ သန်းကို နယူးဇီလန်မှာ မဆောင်ဘဲ သြစတြေးလျအစိုးရဆီမှာ ဆောင်ခဲ့တာဖြစ်ပြီး နယူးဇီလန်ဥပဒေရဲ့ အားနည်းချက်ကနေ အခုလို လုပ်ဆောင်ခဲ့တာလို့အခွန်ရေးရာ ကျွမ်းကျင်သူများက ဆိုပါတယ်။

NINTCHDBPICT000432932151.jpg

Photo: The Sun

 

တကယ်တမ်း အခွန်ကို အမှန်အတိုင်း ဆောင်ရမယ်ဆိုရင် Apple နယူးဇီလန်ဒေါ်လာ ၃၅၆ သန်းအထိ အခွန်ဆောင်ရဖို့ရှိနေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က