အွန်လိုင်းကနေပဲ ကျောင်းတက်နေပါတယ်။
Nyein Min Wai

Fortnite ဟာ ဆယ်ကျော်သက်လူငယ်တစ်ယောက်ကို ပေါင် ၁ သိန်းခွဲ (မြန်မာငွေ သိန်း ၂၉၅၀ ကျော်) ပိုင်ဆိုင်သူ ဖြစ်စေခဲ့ပါတယ်။

         ဂရစ်ဖင်စပစ်ကိုစကီးဟာ တစ်နေ့ကို ၈ နာရီကနေ ၁၈ နာရီအထိ Fortnite ဂိမ်းတွေ ကစားရာကနေ အင်တာနက်မှာ လူသိများလာတဲ့ လူငယ်ဂိမ်မာတစ်ယောက်ဖြစ်ပါတယ်။ အသက် ၁၄ နှစ်အရွယ် စပစ်ကိုစကီးဟာ Fortnite ဂိမ်းကစားပြီး YouTube ပေါ် ဒီဗွီဒီယိုတွေ တင်နေတာပါ။ ဒီလိုကစားရာကနေ ကြော်ငြာ ၊ စပွန်ဆာနဲ့သူ့channel ကို subscribe လုပ်တဲ့ သူတွေဆီက အလှူအဖြစ် ထည့်ဝင်တဲ့ ငွေတွေကြောင့် အခုလို ငွေအမြောက်အများ ရရှိလာခဲ့တာ ဖြစ်ပါတယ်။

         သူ့ကို ဂိမ်မာအဖြစ် နာမည်တဟုန်းထိုးကြီးသွားစေတဲ့ ဖြစ်ရပ်တစ်ခုက ပြီးခဲ့တဲ့ ၉ လလောက်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါကတော့ နာမည်ကြီး Fortnite ဂိမ်မာတစ်ယောက်ကို ဂိမ်းကစားရင်း အနိုင်ရလိုက်တာဖြစ်ပြီး ဒီဗွီဒီယိုဟာ ကြည့်ရှုသူ ၇.၅ သန်း ရှိခဲ့ပါတယ်။ သူနယူးယော့ခ်မှာ နေထိုင်နေတဲ့ သူဟာ ဂိမ်းကစားတာကို အာရုံစိုက်ဖို့အထက်တန်းကျောင်းသင်ရိုးတွေကို အွန်လိုင်းကနေပဲ သင်နေတော့တယ်လို့The Sun မှာ ဖော်ပြထားပါတယ်။

Photo: Fox 8


         YouTube မှာ စပစ်ကိုစကီးရဲ့ channel ကို Sceptic လို့နာမည်ပေးထားပြီး ဗွီဒီယို ၄၅ ခု ရှိပေမယ့် subscriber ပေါင်း ၁ သန်းကျော် ရှိနေပါတယ်။ ဂိမ်းကစားရာကနေ ဝင်တဲ့ ပိုက်ဆံတွေကို ထိန်းသိမ်းကိုင်တွယ်ဖို့သူ့မိဘတွေဟာ ဘဏ္ဍာရေးအကြံပေးတစ်ဦး ငှားရမ်းထားတယ်လို့ဆိုပါတယ်။ ဒီငွေတွေနဲ့တစ်ချိန်မှာ စပစ်ကိုစကီးဟာ ကုမ္ပဏီတစ်ခု ထောင်သွားမှာ ဖြစ်ပါတယ်။ ယူကေအခြေစိုက် eSports အဖွဲ့အစည်းဖြစ်တဲ့ Misfits Gaming ကလည်း Sceptic ကို ပရိုကစားသမားအဖြစ် စာရင်းသွင်း သတ်မှတ်ထားပါတယ်။

         စပစ်ကိုစကီးကတော့ ဂိမ်းကစားရင်း ရတဲ့ ငွေတွေနဲ့တက္ကသိုလ်တက်ဖို့နဲ့တစ်ချိန်ချိန်မှာ အိမ်တစ်လုံး ဝယ်ဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်။ 


Author


က္က