အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ ဖုန်းခေါ်ဆိုမှုပါ လုပ်ခဲ့တယ်လို့ ဆိုပါတယ်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ လူမှုကွန်ရက်ပေါ်က Tweet ကို အချက်အလက်မှားကြောင်း Twitter ရဲ့ ဆုံးဖြတ်ချက် ထွက်လာပြီးနောက် ဝန်ထမ်းတစ်ဦး ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က တင်ခဲ့တဲ့ သမ္မတထရမ့်ရဲ့ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ Tweet ဟာ အချက်အလက်မှားယွင်းတယ်လို့ Twitter ဘက်မှ စိစစ်ခဲ့သလို အချက်အလက်မှန် သိရှိနိုင်ရေးအတွက် Tweet ရဲ့ အောက်မှာ Get the facts about mail-in ballots ဆိုပြီး သတင်းမှန်ကို လင့်ပြန်ညွှန်းထားခဲ့တာပါ။ ဒါဟာ သမ္မတတစ်ဦးရဲ့ Tweet ကို ပထမဆုံးအကြိမ် Fact Check လုပ်ခဲ့တာ ဖြစ်ပါတယ်။




Photo: Protocol

သမ္မတဒေါ်နယ်ထရမ့်ကတော့ Twitter ဟာ လွတ်လပ်စွာ ပြောဆိုမှုကို ဖိနှိပ်ချုပ်ခြယ်တာ ဖြစ်ပြီး ဒါမျိုး ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့ Tweet တွေနဲ့ တုန့်ပြန်ခဲ့ပါတယ်။ ဒီနောက် Fox News နဲ့ ဗုဒ္ဓဟူးနေ့မနက်ပိုင်း တွေ့ဆုံခန်းမှာ ထရမ့်ရဲ့ သမ္မကမ်ပိန်း မန်နေဂျာဟောင်းနဲ့ သမ္မတအကြံပေး ကယ်လီယန်းနီကွန်ဝေးမှ Twitter ဝန်ထမ်းတစ်ယောက်ကို နာမည်တပ်ပြီး စွပ်စွဲမှု လုပ်ခဲ့ပါတယ်။

ကွန်ဝေးဟာ Twitter ရဲ့ Head of Integrity ဖြစ်သူ ယိုးလ်ရို့သ်ကို နာမည်ခေါ်ပြီး "ဆန်ဖရန်စစ္စကိုက တစ်ယောက်ယောက်လောက် သူ့ကို သွားနှိုးပြီး သူက followers တွေ ပိုရအောင် လုပ်နေတာလို့ ပြောလိုက်စမ်းပါ" လို့ ပြောခဲ့တာပါ။ရို့သ်ဟာ ထရမ့်ရဲ့ မဲဆန္ဒရှင်တွေကို အမြဲတမ်း တိုက်ခိုက်မှု လုပ်ခဲ့တယ်လို့လည်း သူမက ပြောခဲ့ပါတယ်။ 

Fox News ကလည်း ရို့သ်ဟာ သမ္မတထရမ့်ကို Fact-check လုပ်ဖို့ ကုမ္ပဏီရဲ့ အဆုံးအဖြတ်မှာ တာဝန်ရှိသူဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ထရမ့်ရဲ့ သားနဲ့ ထရမ့်ရဲ့ တရားဝင် ကမ်ပိန်းအကောင့်ကလည်း ရို့သ်ကို ခြိမ်းခြောက်တဲ့ Tweet များကို သူတို့ရဲ့ follower သန်းပေါင်းများစွာကို ပြန်မျှဝေခဲ့ပါတယ်။ Twitter ကတော့ အခုလို အချက်အလက်မှား/မှန် ဆုံးဖြတ်တဲ့ ကိစ္စဟာ ရို့သ်တစ်ယောက်တည်း ကိုင်တွယ်တာဝန်ယူတာ မဟုတ်ဘူးလို့ အတည်ပြုပါတယ်။


Photo: Engadget


ရို့သ်ဟာ မူဝါဒရေးရာ ဆုံးဖြတ်ချက်ချမှတ်တဲ့ Twitter ရဲ့ ယုံကြည်မှုနဲ့ဘေးကင်းရေးအဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။Protocol သတင်းအရ ထရမ့်ရဲ့ Tweet နဲ့ ပတ်သက်ပြီး အချက်အလက်မှန် စိစစ်မှုအတွက် ရို့သ်ဟာ အသက်အန္တရာယ်ခြိမ်း‌ခြောက်မှုအပါအဝင် ဖုန်းနဲ့ အကြမ်းဖက်ခြိမ်း‌ခြောက် ပြောဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

"Twitter မှာ ရှိတဲ့ ဘယ်တစ်ဦးတစ်ယောက်မှ ကျွန်တော်တို့ မူဝါဒနဲ့ အရေးယူမှုတွက် တာဝန်မရှိပါဘူး။ အခုလို ကုမ္ပဏီရဲ့ အဆုံးအဖြတ်အတွက် ဝန်ထမ်းတစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားတာ စိတ်မကောင်းစရာပါ" လို့ Twitter ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က