အကောင့်ဖွင့်ပြီး ၁၇ နာရီကျော်််််််အတွင်း Follower ၁ သန်းနီးပါး ဖြစ်လာတာပါ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် Facebook အကောင့်ကို ဧပြီ ၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ တရားဝင်ဖွင့်ခဲ့ပြီး ၁၇ နာရီကျော်််််််အတွင်း Follower ၉ သိန်းခွဲကျော် ရှိလာပါတယ်။

COVID-19 စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး ပြည်သူများနဲ့ ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့ ဖွင့်လိုက်တဲ့ Aung San Suu Kyi နာမည်နဲ့ Facebook အကောင့်ဟာ ဧပြီ ၂ ရက် မနက် ၁၀ နာရီကျေ်အချိန်မှာ Follower ဦး‌‌ရေ ၉၅၁၆၁၃ ရှိထားပြီး Verified Profile အဖြစ် Blue Mark ရထားပါတယ်။



Photo: Aung San Suu Kyi / Facebook

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် Facebook အ‌ကောင့်ရဲ့ ပထမဆုံးပို့စ်မှာ "Facebook ကိုသုံးဖို့ဆန္ဒလုံးဝမရှိခဲ့ပါ။ ဒီအချိန်မှာတော့ COVID-19 စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးပြည်သူတွေနဲ့မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်ဆက်သွယ်နိုင်ဖို့သုံးလိုက်ပါတယ်။" လို့ ရေးထားပါတယ်။

တရားဝင် Facebook အကောင့်မဖွင့်ခင်ကလည်း အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံတော်ပိုင် ရုပ်သံသတင်းမီဒီယာတွေမှာ COVID-19 နှင့် ပတ်သက်ပြီး ပြည်သူလူထုထံ အစီရင်ခံခြင်း ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ဖို့ စနစ်တကျလက်ဆေးသရုပ်ပြခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံအတွင်း COVID-19 ဖြစ်စဉ်နဲ့ သတင်းအချက်အလက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပုံမှန်တင်ဆက်ပေးနေတဲ့ အပြင် နိုင်ငံတော်သမ္မတရုံး ၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် အခြားဝန်ကြီးဌာနများ ပူးပေါင်းပြီး COVID-19 INFO Myanmar နာမည်နဲ့ Viber community တစ်ခု ဖွဲ့စည်းပြီး COVID-19 အခြေအနေများကို အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးနေပါတယ်။

၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းအထိ GSMA အချက်အလက်များအရ မြန်မာနိုင်ငံ လူဦးရေ ၅၄.၁ သန်းမှာ အင်တာနက်အသုံးပြုသူဦးရေဟာ ၂၁ သန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။ Facebook ဟာ ပြည်တွင်းမှာ အသုံးအများဆုံး လူမှုကွန်ရက်ပလက်ဖောင်းတစ်ခု ဖြစ်ပြီး COVID-19 သတင်းမှား တိုက်ဖျက်ဖို့အတွက် ကိုရိုနာဗိုင်းရပ်စ်အကြောင်း Facebook ပလက်ဖောင်းပေါ် ရှာဖွေမှုများကို WHO.int နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးထားပါတယ်။

Share

Loading Next Article...
က္က