5G ဖုန်းဝယ်လိုအားလည်း မြင့်နေပါတယ်

Vivo ရဲ့ ထိပ်တန်းအမှုဆောင်တစ်ဦးကတော့ ဒီနှစ်အကုန်မှာ 5G ဖုန်းတစ်လုံးဟာ ယွမ် ၁၅၀၀ ခန့်ပဲ ကျသင့်မယ်လို့ ဆိုပါတယ်။

Vivo ရဲ့ ဒုဥက္ကဌနဲ့ တရုတ်ဈေးကွက် ဥက္ကဌ လီယုဟောင်က အင်တာဗျူးတစ်ခုမှာ ပြောသွားတာပါ။ လီယုဟောင်ကတော့ လာမယ့် ၂၀၂၀ စတုတ္ထသုံးလပတ် အရောက်မှာ 5G ဖုန်းတစ်လုံးရဲ့ ဈေးနှုန်းဟာ ယွမ် ၁၅၀၀ ဝန်းကျင် (မြန်မာငွေ ၃ သိန်းခန့်) ရှိမယ်လို့ ခန့်မှန်းထားပါတယ်။




Photo: Tech Crunch

ဒီနှစ်ထဲမှာ Vivo ဟာ Vivo Z6 ၊ Vivo iQOO 3 နဲ့ Vivo NEX 3S ဆိုပြီး 5G ဖုန်း ၃ မျိုး ဖြန့်ချိထားပါတယ်။ ကုမ္ပဏီအမှုဆောင်ရဲ့အဆိုအရ 5G ဖုန်းဝယ်လိုအားဟာ ခန့်မှန်းတာထက် ပိုပြီး မြင့်တက်လာပြီး တစ်နေ့ထက် တစ်နေ့ ရောင်းအားပိုများလာတယ်လို့ ဆိုပါတယ်။ Vivo ဟာ 4G ကနေ 5G ပြောင်းလဲမှု အရှိန်မြှင့်တင်နေပြီး 5G ဖုန်းကိုင်လိုသူတွေလည်း ပိုများလာတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီနှစ် မတ်လထဲမှာလည်း Vivo ရဲ့ 5G ဖုန်းထုတ်လုပ်မှုဟာ တစ်နေ့ကို အလုံးရေ ၁ သိန်းကျော်ဖို့လည်း ရှိတယ်လို့ ကုမ္ပဏီအမှုဆောင်ရဲ့ စကားကို ကိုးကားပြီး Gizchina သတင်းက ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်ကြောင့် စက်ရုံအလုပ်ရုံများ ပိတ်ထားရပြီး ထုတ်လုပ်မှု ကျဆင်းခဲ့ပေမယ့် Vivo ရဲ့ ရောင်းအားဟာ ပြီးခဲ့တဲ့နှစ်ကာလတူကထက် ၁၀% ကျော် ပိုများလာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ထိန်းချုပ်လာနိုင်တာကြောင့် ကုမ္ပဏီလုပ်အားရဲ့ ၈၀% ကျော်ဟာလည်း အလုပ်ခွင်ပြန်ဝင်နေပြီလို့ ကုမ္ပဏီရဲ့ ဒုဥက္ကဌက ပြောပါတယ်။ တရုတ်စမတ်ဖုန်းဈေးကွက်ကတော့ ဗိုင်းရပ်စ်ကြောင့် မတ်လ ပထမပတ်အတွင်း ရောင်းအား ၃၀% ကနေ ၅၀% အထိ ကျဆင်းဖို့ ရှိတယ်လို့လည်း ခန့်မှန်းနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က