တစ်ယောက်နဲ့တစ်ယောက်ကို တောင်းတဲ့နှုန်း မတူပါဘူး
Nyein Min Wai

ကွန်ပျူတာစနစ်ထဲ ဖောက်ထွင်းတိုက်ခိုက်ပြီး ခြိမ်းခြောက်ငွေတောင်းတဲ့ Ryuk ransomware ဟာ ဒေါ်လာ ၃.၇ သန်းဖိုးနဲ့ညီမျှတဲ့ bitcoin တွေ ရယူသွားခဲ့ဖွယ်ရှိတယ်လို့လုံခြုံရေးသုတေသီတွေက ဆိုပါတယ်။

Photo: Engadget

         Ryuk Ransomware ဟာ သြဂုတ်လက ထွက်ပေါ်လာခဲ့တဲ့ ransomware တစ်မျိုး ဖြစ်ပြီး transaction ၅၂ နေရာကနေ bitcoin ပေါင်း ၇၀၅.၈၀ ခုကို ဒီ ransomware ဒဏ်ခံရတဲ့ သားကောင်တွေဆီက ရခဲ့တာပါ။ CrowdStrike နဲ့FireEye မှ လုံခြုံရေးသုတေသီတွေမှ Ryuk Bitcoin ရဲ့လိပ်စာတွေကနေ သိခဲ့တာ ဖြစ်ပြီး တစ်ယောက်ချင်းစီပေါ် ပြန်ပေးဆွဲမှုအတွက် တောင်းတဲ့ နှုန်းက မတူဘူးလို့လည်း ဆိုပါတယ်။

         "BTC လိပ်စာတွေကနေ ဒီနေ့အထိ တွေ့ထားတဲ့ ငွေအဝင်အထွက် ၅၂ ခုမှာ အနိမ့်ဆုံး ပြန်ပေးဆွဲဖို့တောင်းတဲ့ ငွေက 1.7BTC (bitcoin) ဖြစ်ပြီး အမြင့်ဆုံးကတော့ 99 BTC အထိ ရှိခဲ့ပါတယ်။ " လို့Crowdstrike က ထုတ်ပြန်ထားပါတယ်။

         ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်ဟက်ကာတွေ ရှိမယ်မှန်း မသိရသေးပေမယ့် တိုက်ခိုက်မှု ပုံစံအရ ရုရှားဘက်က ဟက်ကာတွေ ဖြစ်ဖို့များတယ်လို့Crowdstrike ၊ FireEye ၊ Kryptos Logic နဲ့McAfee စတဲ့ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီ ၄ ခု က သဘောထားထုတ်ပြန်ပါတယ်။ Ryuk ransomware ကို ဖန်တီးတဲ့ အဖွဲ့ဟာ Hermes ransomware ကို လုပ်ဆောင်ခဲ့တဲ့ Grim Spider အဖွဲ့ဖြစ်ဖို့ရှိတယ်လို့လည်း CrowdStrike က ဆိုပါတယ်။ Ryuk ransomware တိုက်ခိုက်ခံရသူအများစုဟာ ပထမဆုံး TrickBot malware ကူးစက်ခံခဲ့ရပြီးမှ ransomware နဲ့ကြုံတွေ့ခဲ့တာပါ။


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က