Alibaba Cloud ဟာ သုံးနှစ်အတွင်း ယွမ်ဘီလျံ ၂၀၀ မြှပ်နှံထားပါတယ်

၂၀၂၀ ပထမသုံးလပတ်အတွင်း ကမ္ဘာအနှံ့ Cloud ဝန်ဆောင်မှုဈေးကွက်ဝယ်လိုအား စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် Alibaba Cloud ဟာ ဝန်ထမ်း ၅ ထောင်အထိ ထပ်တိုးခန့်အပ်ဖို့ စီစဉ်နေပါတယ်။ 

Alibaba ဟာ Cloud စီးပွားရေးကဏ္ဍအတွက် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းမှာ ဝန်ထမ်း ၅၀၀၀ ခန့်အပ်ဖို့ စီစဉ်နေတာ ဖြစ်ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။ Alibaba Cloud အနေနဲ့ ကွန်ရက် ၊ Database ၊ ဆာဗာ ၊ ချပ်စ်နဲ့ Artificial Intelligence စတဲ့ ကဏ္ဍတွေမှာ ဝန်ထမ်းတွေ ခန့်အပ်သွားမှာပါ။



Photo: MSN


"တရုတ်နိုင်ငံမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး ခရီးဟာ အရင်က သုံးနှစ်ကနေ ၅ နှစ် ကြာမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အခုအတိုင်းဆို တစ်နှစ်အတွင်း ပြီးမြောက်အောင် အရှိန်မြှင့်တင်လာဖို့ ရှိပါတယ်။" လို့ Alibaba Cloud Intelligence ရဲ့ ဥက္ကဌ ဂျက်ဖ်ဇောင်က ပြောပါတယ်။

"အရှိန်အပြည့်နဲ့ ရှေ့ဆက်သွားနိုင်ဖို့ ယုံကြည်ရတဲ့ Cloud နည်းပညာနဲ့ ဝန်ဆောင်မှုတွေ တည်ဆောက်ရုံတင်မဟုတ်တော့ဘဲ ကမ္ဘာအရပ်ရပ်က အိုင်တီဘက်ဆိုင်ရာ အစွမ်းအစရှိသူတွေမှာပါ ရင်းနှီးမြှပ်နှံနေပါတယ်။" လို့လည်း ဇောင်က ပြောပါတယ်။ Alibaba ရဲ့ ဘဏ္ဍာရေးနှစ်ဟာ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာပါ။


Photo: techcircle


ပြီးခဲ့တဲ့ ဧပြီလအတွင်း Alibaba Cloud ပိုင်းဟာ ၃ နှစ်အတွင်း ယွမ်ဘီလျံ ၂၀၀ (ဒေါ်လာ ၂၈.၂ ဘီလျံခန့်) ရင်းနှီးမြှပ်နှံဦးမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ Alibaba Cloud ဟာ မတ်လအထိ စတုတ္ထသုံးလပတ်အတွင်း ယွမ် ၁၂.၂ ဘီလျံ ဝင်ခဲ့ပြီး ဝင်ငွေ ၅၈% ပိုမြင့်ခဲ့ပါတတယ်။ Alibaba Cloud စီးပွားရေးဟာ ကုမ္ပဏီရဲ့ ဝင်ငွေအကြီးဆုံး လုပ်ငန်းဖြစ်ပြီး တစ်နှစ်အတွင်း ၆၂% အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ Cloud စီးပွား‌ရေးမှာ Amazon Web Services ၊ Microsoft Azure နဲ့ Google Cloud တို့ ပြီးရင် Alibaba ဟာ ကမ္ဘာ့စတုတ္ထအကြီးဆုံး Cloud Service provider ဖြစ်ပါတယ်။ Canalys ရဲ့ အချက်အလက်များအရ Alibaba Cloud ဟာ ပထမသုံးလပတ်အတွင်း ကမ္ဘာ့ဈေးကွက်ဝေစုရဲ့ ၆% ကို ပိုင်ဆိုင်ထားတယ်လို့ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က