နှစ် ၂၀ လုံးလုံး ဦးစီးခေါင်းဆောင်ပြုခဲ့သူပါ
Nyein Min Wai

ကမ္ဘာ့အကြီးဆုံး e-Commerce လုပ်ငန်းစုကြီးဖြစ်လာမယ့် Alibaba ကို နှစ်ပေါင်း ၂၀ လုံးလုံး ဦးစီးခေါင်းဆောင်ပြုပြီး တည်ထောင်ခဲ့သူ ဂျက်မားဟာ ကုမ္ပဏီရဲ့ ဥက္ကဌ ရာထူးကနေ စက်တင်ဘာ ၁၀ ရက်နေ့မှာ ဆင်းလိုက်ပြီ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဂျက်မားဟာ Alibaba နှစ် ၂၀ ပြည့်အခမ်းအနားမှာ ဥက္ကဌရာထူးကနေ အနားယူတော့မယ်လို့ကြေညာခဲ့လို့ဒီသတင်းက သိပ်တော့ မဆန်းပါဘူး။ e-Commerce ကုမ္ပဏီအဖြစ်ကနေ ကုန်စည်ပစ္စည်းပို့ဆောင်မှု ၊ cloud computing နဲ့မိုဘိုင်းငွေပေးချေရေး ဝန်ဆောင်မှုတွေ လုပ်ဆောင်တဲ့ ဧရာမလုပ်ငန်းစုကြီးဖြစ်အောင် ဂျက်မားဟာ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကတည်းက စတင် ကြိုးပမ်းလာခဲ့တာပါ။

Photo: vccircle

အခုချိန်မှာ ဒေါ်လာဘီလျံ ၄၈၀ ကျော်တန်တဲ့ Alibaba ကုမ္ပဏီကို ၁၉၉၉ ခုနှစ် ဧပြီလက တရုတ်နိုင်ငံ ဟန်ကျိုးမှာ ရှိတဲ့ ဂျက်မားရဲ့ တိုက်ခန်းမှာ တည်ထောင်သူ ၁၈ ဦးနဲ့စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံးဝက်ဘ်ဆိုက်

Alibaba.com ကို စပြီး လွှင့်တင်တဲ့နှစ်က စလို့ပြည်တွင်းလက်ကားဈေးကွက်ထဲ ဝင်ရောက်လာခဲ့တာပါ။

၂၀၀၀ ပြည့်နှစ်မှာ Alibaba ကုမ္ပဏီရဲ့ ရှယ်ယာထဲ SoftBank မှ ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှပ်နှံမှု လုပ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ Taobao လို့ခေါ်တဲ့ အွန်လိုင်း Shopping ပလက်ဖောင်းတစ်ခုပြီး တစ်ခြားသူတွေရဲ့ ပစ္စည်းတွေကို တစ်ဆင့်ခံ ရောင်းချမှု လုပ်ခဲ့ပါတယ် Alibaba ရဲ့ ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ Taobao ရဲ့ ပလက်ဖောင်းပေါ်ကနေ ရောင်းအားဟာ ယွမ် ၁.၅၉ ထရီလီယံ ( ဒေါ်လာ ၂၂၃.၉ ဘီလျံ) ရှိခဲ့ပါတယ်။

၂၀၁၉ ဘဏ္ဍာနှစ်အတွင်းမှာ Taobao ပေါ်ကနေ ကုန်ပစ္စည်းရောင်းချမှုပမာဏဟာ ယွမ် ၃.၁၁ ထရီလီယံအထိ ရှိလာခဲ့ပါတယ်။ Alibaba ရဲ့ နာမည်ကျော် ငွေပေးငွေချေပလက်ဖောင်းဖြစ်တဲ့ Alipay ကိုတော့ ၂၀၀၄ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။၂၀၀၅ ခုနှစ်မှာာ Yahoo ဟာ Alibaba ရဲ့ ရှယ်ယာ ၄၀% ကို ဒေါ်လာ ၁ ဘီလျံ ထည့်သွင်း ရင်းနှီးမြှပ်နှံခဲ့ပြီး ကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာခဲ့ပါတယ်။

အခုဆိုရင် Taobao နဲ့အတူ Tmall ဝန်ဆောင်မှု ၊ Cloud စီးပွားရေးနဲ့အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ Alibaba ရဲ့ ဥက္ကဌနေရာကနေ အနားယူလိုက်တဲ့ ဂျက်မားရဲ့ နေရာကို လက်ရှိ ကုမ္ပဏီရဲ့ CEO ဒန်နီယယ်ဇောင်က တာဝန်ယူဦးဆောင်သွားမှာ ဖြစ်ပါတယ်။

Photo: CNBC

၂၀၁၄ ခုနှစ်ထဲမှာ ကုမ္ပဏီကို အများပိုင်ပြောင်းလိုက်ပြီးနောက် ၂၅ ဘီလျံနဲ့ကမ္ဘာ့အကြီးဆုံး စတော့ဈေးကွက်ကြီး ဖြစ်သွားပါတယ်။ တရုတ်ပြည်မှ ဂျက်ဖ်ဘီဇော့စ်လို့တင်စားခံရတဲ့ ဂျက်မားဟာ အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး Alibaba ရဲ့ ရှယ်ယာ ၇.၈% ကို ပိုင်ဆိုင်ပါတယ်။ လက်ရှိအချိန် ဂျက်မားရဲ့ ပိုင်ဆိုင်မှု ဓနဥစ္စာ တန်ဖိုးဟာ အသားတင် ဒေါ်လာ ၃၈.၄ ဘီလျံခန့်ရှိမယ်လို့ဆိုပါတယ်။

ဂျက်မားအနေနဲ့Alibaba ရဲ့ အလုပ်တာဝန်များကနေ အငြိမ်းစား ယူတော့မယ်လို့ကြေငြာထားပေမယ့် လာမယ်ယ့နှစ် အထွေထွေ ရှယ်ယာရှင်များ အစည်းအဝေးကျင်းပချိန်အထိ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဒါရိုက်တာစာရင်းမှာတော့ ရှိနေဦးမှာပါ။


က္က