ရန်ကုန်မြို့Lotte Hotel မှာ ကျင်းပသွားမှာပါ

ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ MyJobs.com.mm မှ ဦးစီးပြီး ဒုတိယအကြိမ် New Digital Job Expo နာမည်နဲ့အလုပ်အကိုင် ပြပွဲတစ်ရပ်ကို လာမယ့် သြဂုတ်လ ၄ ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ပြည်လမ်းမပေါ်မှာ ရှိတဲ့ Lotte Hotel မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

Photo: Duwun



New Digital Job Expo ဆိုတဲ့ နာမည်အတိုင်း ဒီပွဲမှာ အလုပ်လာလျှောက်သူတွေဟာ ကိုယ့်ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ CV Form နဲ့ကုမ္ပဏီ ၅၀ ကျော်ရဲ့ အလုပ်အကိုင် နေရာပေါင်း ၁၀၀၀ ကျော်ကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ပွဲအတွင်းမှာ WiFi အခမဲ့ပေးသွားမှာ ဖြစ်ပြီး CV Form စာရွက်စာတမ်းများနဲ့လာသူတွေကိုလည်း MyJobs Help Desk မှာ ရှိတဲ့ ဝန်ထမ်းတွေအကူအညီနဲ့ဖုန်းအတွင်း PDF file အဖြစ် ပြောင်းလဲ ထည့်သွင်းပေးမယ်လို့ ဆိုပါတယ်။

MyJobs.com.mm ရဲ့ ဒုတိယအကြိမ် New Digital Job Expo မှာ ဘဏ်လုပ်ငန်း ၊ စားသောက်ကုန် လုပ်ငန်း ၊ ပညာရေး ၊ ကြော်ငြာ ၊ ဆေးဝါး ၊ အင်တာနက်ဝန်ဆောင်မှု ၊ သွင်းကုန်နဲ့NGO အပါအဝင် လုပ်ငန်းပေါင်း ၅၀ ကျော် မှ လစ်လပ်အလုပ်အကိုင်နေရာ ၁၀၀၀ ကျော် လျှောက်ထားနိုင်မှာပါ။ အလုပ်အကိုင် ခေါ်ယူရေးအပြင် MyJobs HR Forum တစ်ရပ်လည်း ယခုပွဲမှာ ထည့်သွင်းကျင်းပသွားမယ်လို့သိရပါတယ်။

Photo: MyJobs Myanmar

ပြပွဲ မနက် ၁၀ နာရီအချိန်မှာ Digital Branding ခေါင်းစဉ်နဲ့ဒေါက်တာ ဖြိုးသီဟ ၊ "အားလုံးအတွက် ၂၄ နာရီ" ခေါင်းစဉ်နဲ့ဆရာမ မသီတာ (စမ်းချောင်း) တို့မှ ဟောပြောသွားမှာ ဖြစ်ပြီး အခမဲ့ တက်ရောက်နားထောင်နိုင်မှာပါ။ MyJobs ဟာ မန္တလေးမြို့မှာလည်း Digital Job Fair တစ်ခု ကျင်းပထားပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ရန်ကုန်မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က