အစိုးရအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ထားပါတယ်

နာမည်ကျော် အွန်လိုင်းလေ့လာရေးပလက်ဖောင်းတစ်ခု ဖြစ်တဲ့ Coursera ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူများအတွက် အခမဲ့ အွန်လိုင်းသင်တန်းများ ပေးသွားမယ်လို့ ဆိုပါတယ်။

Gimodo သတင်းအရ အွန်လိုင်းပညာ‌ရေးကုမ္ပဏီ Coursera ဟာ ပုံမှန်အားဖြင့် တစ်နှစ်ကို ၃၉၉ ဒေါ်လာ ကျသင့်မယ့် သင်ရိုးတွေကို အခမဲ့ Free Access ပေးသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အခမဲ့ Free Courses ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဝန်ထမ်းများ ကျွမ်းကျင်မှု မြှင့်တင်ပေးပြီး အလုပ်အကိုင်ရရှိစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။



Photo: innovation-village

Coursera ရဲ့ အခမဲ့သင်တန်းတွေကို တစ်ယောက်ချင်းအနေနဲ့ လျှောက်ထားလို့ မရဘဲ အလုပ်လက်မဲ့ ဝန်ထမ်းများအရေး လုပ်ဆောင်ပေးနေတဲ့ အစိုးရအေဂျင်စီတွေကနေ လျှောက်ထားရမှာပါ။ စက်တင်ဘာလကုန်အထိ အခမဲ့လျှောက်ထားနိုင်မှာ ဖြစ်ပြီး လျှောက်ထားသူတွေဟာ သင်ရိုးပြီးဆုံးဖို့ နှစ်အကုန်အထိ တက်ခွင့်ရမယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ကို Coursera Workforce Recovery Initiative လို့ ခေါ်ပြီး ၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ Coursera for Government ပရိုဂရမ်ရဲ့ အခွဲလည်း ဖြစ်ပါတယ်။ သင်ကြားပေးမယ့် သင်ရိုးတွေထဲမှာ ဒီဂျစ်တယ်မားကတ်တင်းကနေ Cloud Computing နဲ့ App ရေးဆွဲမှုအထိ ပါဝင်နေပါတယ်။ နည်းပညာနယ်ပယ်က ကုမ္ပဏီကြီးတွေနဲ့လည်း ပူးပေါင်းထားပြီး Google IT Support ၊ IBM z/OS Mainframe professional Certificates တို့လို ကုမ္ပဏီကြီးတွေ ဝင်ဖို့ အရည်အချင်းမှီ သင်တန်းတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

" နယ်ပယ်အတွင်း မိတ်ဘက်တွေနဲ့ ပူးပေါင်းမှုနဲ့အတူ Coursera ဟာ အလုပ်အကိုင် ဆုံးရှုံးထားတဲ့ ဝန်ထမ်းသန်းပေါင်းများစွာနဲ့ စီးပွားရေးနှေးကွေးမှု ဦးမော့လာအောင် ကူညီဖို့ အသင့်ရှိပါတယ်။" လို့ Coursera ရဲ့ CEO ဂျက်ဖ်မက်ဂီယန်ကယ်လ်ဒါက Forbes မဂ္ဂဇင်းကို ပြောပါတယ်။


Photo: geeksroom

ပြီးခဲ့တဲ့ ၅ ပတ်အတွင်း အိမ်ထဲမှာပဲ နေဖို့ အမိန့်ထုတ်ပြန်ချက်တွေနဲ့အတူ အမေရိကန်နိုင်ငံမှာ လူပေါင်း ၂၆ သန်းခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ Coursera ရဲ့ အခမဲ့သင်ရိုးတွေကို အမေရိကန်နိုင်ငံ အရီဇိုးနား ၊ အီလီနွိုက်စ် နဲ့‌အိုကလာဟိုးမားတို့မှာ ပထမဆုံး ရရှိမှာ ဖြစ်ပါတယ်။ Coursera ရဲ့ ဒီအစီအစဉ်မှာ ကိုလံဘီယာ ၊ ကော့စတာရီကာ ၊ ဂရိ ၊ မလေးရှား ၊ ပနားမား ၊ ယူကရိန်းနဲ့ ဥဘက်ဇတန်အစိုးရအဖွဲ့များလည်း ချိတ်ဆက်ပါဝင်ထားပါတယ်။

လာမယ့်သီတင်းပတ်တွေမှာ Coursera ရဲ့ ဒီအစီအစဉ်မှာ နောက်ထပ် အစိုးရအေဂျင်စီများ ထပ်တိုးလာဖို့လည်း မျှော်လင့်ထားပါတယ်။ Coursera လိုပဲ အွန်လိုင်းပညာရေးအဖွဲ့အစည်းတွေ ဖြစ်တဲ့ Kaplan ၊ Udacity နဲ့ တစ်ခြားကုမ္ပဏီများလည်း ကပ်ဘေးအတွင်းမှာ အလားတူ အခမဲ့ သင်တန်းများ ပေးနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က