ကာလရှည် တရားတဘောင်တစ်ခု ဖြစ်လာဖို့ ရှိပါတယ်

မကြာသေးခင်က အလုပ်ထုတ်ခံလိုက်ရတဲ့ Google ဝန်ထမ်း ၄ ဦး ပေါင်းပြီး ကုမ္ပဏီကို အလုပ်သမားဥပဒေနဲ့ တရားစွဲဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလထဲမှာ ဖြစ်ပွားခဲ့တဲ့ ကုမ္ပဏီအတွင်း ဆန္ဒပြမှုတွေမှာ တက်ကြွလှုပ်ရှားခဲ့သူတွေထဲက လောရင့်စ် ဘာလန် ၊ ရေဗက္ကာရီးဗားစ် နဲ့ ဆိုဖီဝဲလ်ဒ်မင်တို့ အလုပ်က ဖြုတ်ခံခဲ့ရတာပါ။ လော့ရင့်စ်အပါအဝင် Google ဝန်ထမ်းတစ်ချို့ဟာ ပင်တဂွန်နဲ့ စာချုုပ်ချုပ်ဆိုမှုနဲ့ တရုတ်မှာ Project Dragonfly နာမည်နဲ့ search engine လုပ်မှုကို ကန့်ကွက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အထုတ်ခံရတဲ့ ဝန်ထမ်း‌‌‌ေဟောင်း ၄ ဦးထဲမှ ၃ ဦး ( Photo: Vox)




ဒီလို ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး Google ဟာ လော့ရင့်စ်ပါ ၄ ဦးကို အလုပ်ထုတ်လိုက်တာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အလုပ်ထုတ်ခံရပြီးနောက် ဒီဝန်ထမ်း ၄ ဦးဟာ အမျိုးသားအလုပ်သမားဆက်ဆံရေးဘုတ်အဖွဲ့မှာ အလုပ်သမားဥ့ပဒေချိုးဖောက်မှုနဲ့ တရားစွဲထားပါတယ်။ တရားစွဲချက်မှာ ကုမ္ပဏီဟာ အလုပ်ထုတ်ခြင်းအားဖြင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခဲ့တယ်လို့ ဖော်ြပထားပါတယ်။

" Google ရဲ့ ဥပဒေလက်လွတ် အဓမ္မပြုကျင့်ခြင်းဟာ ကျွန်တော်တို့ ကိုတင် မဟုတ်တာ ရှင်းပါတယ်။ ဒါဟာ အလုပ်ခွင်စည်းရုံးမှုအားလုံးကို ရပ်တန့်သွားဖို့ ကြိုးစားခြင်းပဲ ဖြစ်ပါတယ်" လို့ ဝန်ထမ်းတွေက သဘောထား ထုတ်ပြန်ပါတယ်။ ဝန်ထမ်းဟောင်းတွေဟာ ရှေ့နေရှေရပ်တွေနဲ့ တိုင်ပင်နေပြီး ဒီတစ်ပတ်ထဲမှာကို တရားစွဲမှု တစ်ခုမက လုပ်သွားဖို့ စီစဉ်နေတယ်လို့ The Verge နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

ဒီဝန်ထမ်းတွေ အလုပ်ထုတ်မှုအပေါ် Google ဘက်က ထုတ်ပြန်ရာမှာ အချက်အလက် လုံခြုံရေးမူဝါဒတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ ချိုးဖောက်ခဲ့တာကြောင့် အလုပ်က ထုတ်ခဲ့တာဖြစ်ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ပြောတာ‌ကြောင့် အလုပ်ဖြုတ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Google ‌ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ လောရင့်စ် အပါအဝင် အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေဟာ တစ်ခြားဝန်ထမ်းတွေရဲ့ ပစ္စည်းအသုံးအဆောင်နဲ့ လုပ်ဆောင်မှုတွေကို စနစ်တကျ ရယူ ဖြန့်ဖြူးမှုမှာ ပါဝင်ခဲ့တယ်လို့ ပါရှိပါတယ်။


Photo: CNET



Google ရဲ့ ဒီပြောကြားချက်ကို ဝန်ထမ်းဟောင်းတွေက ငြင်းဆန်ခဲ့ပြီး တစ်ကုမ္ပဏီလုံးက ယူသုံးခွင့်ပေးထားတဲ့ အချက်အလက်နဲ့ ပစ္စည်းအစိတ်အပိုင်းတွေပဲ ယူခဲ့တာ ဖြစ်ပြီး ဒါကလည်း ကုမ္ပဏီရဲ့ နိစ္စဒူဝထဲက လုပ်ထုံးတစ်ခုပဲ ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ အလုပ်ဖြုတ်ခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ ရီဗားစ်ဟာ Google နဲ့ အမေရိကန်အစိုးရအကြား အငြင်းပွားဖွယ်စာချုပ်တွေအကြောင်း ဖွင့်ချခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ခန့်က စလို့ Google ရဲ့ စစ်တပ်နဲ့ စာချုပ်ချုပ်ဆိုမှု ၊ အန်ဒီရူဘင်အပါအဝင် အမှုဆောင်တွေရဲ့ လိင်ပိုင်း အကြမ်းဖက်မှုအပေါ် ကုမ္ပဏီရဲ့ ဖြေရှင်းချက် စတဲ့ စတဲ့ အကြောင်းများကြောင့် ထောင်နဲ့ချီတဲ့ Google ဝန်ထမ်းတွေဟာ ဆန္ဒထုတ်ဖော်မှု လုပ်ခဲ့ပါတယ်။ Google ဟာ သမဂ္ဂတန်ပြန်ဆန့်ကျင်ရေး အတိုင်ပင်ခံလုပ်ငန်းတစ်ခု ဖြစ်တဲ့ IRI Consultants ကို ငှားခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က