လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ LG ဟာ ဂျပန်နည်းပညာကုမ္ပဏီ NTT DoCoMO နဲ့ ပူးပေါင်းပြီး အလွန်ပေါ့ပါးတဲ့ AR မျက်မှန်တစ်မျိုးကို ကြေညားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ETNews သတင်းမှာ စတင် ဖော်ပြခဲ့တာ ဖြစ်ပြီး ဒီ AR မျက်မှန်ဟာ ၇၉.၃၈ ဂရမ်ပဲ လေးမယ်လို့ ဖော်ပြထားပါတယ်။ အလွန်တရာပေါ့ပါးတဲ့ဒီ AR မျက်မှန်ဟာ သာမန်မျက်မှန်တွေထက် ပိုလေးတယ်ဆိုပေမယ့် ဈေးကွက်ထဲက AR/VR မျက်မှန်တွေထက် အများကြီး ပိုမို ပေါ့ပါးမှာ ဖြစ်ပါတယ်။
Photo: entertainmentbox
သတင်းအရ LG နဲ့ NTT DoCoMo တို့ဟာ AR မျက်မှန် ထုတ်လုပ်မယ့် အစီအစဉ်နဲ့ ပါဝင်မယ့် features တွေအကြောင်း ဆွေးနွေးမှု လုပ်နေပြီလို့ ဆိုပါတယ်။ အရင်ကလည်း ဒီကုမ္ပဏီနှစ်ခုဟာ 5G နဲ့ LTE ကွန်ရက်ပိုင်းအတွက် လက်တွဲလုပ်ဆောင်မှုတွေ ရှိခဲ့ပါတယ်။ LG ကတော့ ဒီသတင်းပေါ် မှတ်ချက်ချပြောဆိုခြင်း မရှိသေးပါဘူး။
နောက်ထပ် သုတေသနနဲ့ ဖွံ့ဖြိုးမှုထပ်လုပ်ပြီးရင်တော့ ဈေးကွက်သုံး AR မျက်မှန်ကို လာမယ့်နှစ်ထဲမှာ ဖြန့်ချိသွားဖို့လည်း ရှိနေပါတယ်။ AR မျက်မှန်သစ်တွေဟာ 3D လုပ်ဆောင်ချက် သုံးနိုင်မယ့် Wearable Device ဖြစ်ပြီး အနာဂါတ်မှာ စမတ်ဖုန်းတွေထက် ပိုပြီး လက်တွေ့ကျတဲ့ ကြားခံဆက်သွယ်ရေး ထုတ်ကုန်တစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။