စက်တင်ဘာ ၁၅ ရက်နေ့ ကစပြီး ထုတ်လုပ်မှု ရပ်ဆိုင်းတော့မှာပါ

စက်တင်ဘာလကစပြီး Huawei အနေနဲ့ Kirin chipset တွေ ထုတ်လုပ်မှု ရပ်ဆိုင်းတော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဘဏ္ဍာရေးမဂ္ဂဇင်းတစ်ခု ဖြစ်တဲ့ Caixin ရဲ့ အဆိုအရ တရုတ်နည်းပညာကုမ္ပဏီ Huawei Technologies ပေါ် အမေရိကန်အစိုးရရဲ့ ဖိအားတွေကြောင့် Kirin chipset ထုတ်လုပ်မှု ရပ်ဆိုင်းရတော့မယ်လို့ ဆိုပါတယ်။ Huawei ရဲ့ အသစ်ထွက်လာမယ့် flagship ဖုန်းသစ် Huawei Mate 40 သစ်ဟာ Kirin processor သုံးတဲ့ နောက်ဆုံးစမတ်ဖုန်းဖြစ်မယ်လို့ ကုမ္ပဏီရဲ့ Consumer Business အမှုဆောင်အရာရှိချုပ် ရစ်ချတ်ယုက အတည်ပြုထားပါတယ်။



Photo: Android Central

စက်တင်ဘာ ၁၅ ရက်နေ့ နောက်ပိုင်းက စပြီး Huawei ဟာ Kirin chipset ထုတ်လုပ်ခွင့် ရတော့မှာ မဟုတ်ဘူးလို့ တရုတ်သတင်းအချက် နည်းပညာအဖွဲ့အစည်း ရဲ့ ၂၀၂၀ Summit မှာ ရစ်ချတ်ယုက ပြောခဲ့ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ဟာ အမေရိကန်အစိုးရရဲ့ Huawei နဲ့ အမေရိကန်နည်းပညာကုမ္ပဏီများ စီးပွားရေးလုပ်ဆောင်မှုကို အပြီးတိုင် ပိတ်ပင်မယ့်အချိန်လည်း ဖြစ်ပါတယ်။

Huawei chipset တွေကို အမေရိကန်ဆီက ပစ္စည်းအစိတ်အပိုင်းတွေ မှာယူသုံးစွဲနေတဲ့ TSMC က ထုတ်လုပ်ပေးနေတာပါ။ TSMC ဟာ Huawei ကို chips ထပ်ရောင်းတော့မှာ မဟုတ်ကြောင်း အတည်ပြုထားပါတယ်။ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ဆို့စာရင်းအရ Huawei ကို ပစ္စည်းအစိတ်အပိုင်းရောင်းမယ့် ကုမ္ပဏီဟာ အစိုးရစီးပွားကူးသန်းဌာနဆီက လိုင်စင်ဆောင်ရမှာပါ။ 

Photo: Indian Express

Huawei ဟာ ချပ်စ်ဒီဇိုင်းပိုင်းပဲ လုပ်တာ ဖြစ်ပြီး ချပ်စ်ထုတ်လုပ်မှုမှာ ရင်းနှီးမြှပ်နှံထားခြင်း မရှိပါတယ်။ ကုမ္ပဏီရဲ့ မိတ်ဖက် တရုတ် chip maker တစ်ခုဖြစ်တဲ့ SMIC ကလည်း လိုအပ်တဲ့ flagship ချပ်စ်တွေကို လက်တလော ထုတ်လုပ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ရစ်ချတ်ယုက ဆိုပါတယ်။ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ SMIC ဟာ Huawei အတွက် 14nm Kirin chips တွေ စပြီး ထုတ်လုပ်ပေးနေတဲ့ ချပ်စ်ကုမ္ပဏီ ဖြစ်ပါတယ်။

SMIC ဟာ အခုထိ 7nm နဲ့ 5nm chipset လို နောက်ဆုံးပေါ် ချပ်စ်ထုတ်လုပ်မှု နည်းပညာကို သုံးနိုင်ခြင်း မရှိသေးပါဘူး။ ကုမ္ပဏီအနေနဲ့ Huawei Mate 40 ပစ္စည်းကလည်း အကန့်အသတ်ရှိနိုင်တယ်လို့ သူက သတိပေးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က