loading...

loading...

loading...

FCC ရဲ့ ဆုံးဖြတ်ချက်ကို Huawei ဘက်က ကန့်ကွက်ထားပါတယ်
Nyein Min Wai

ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင် FCC ဟာ တရုတ်မှ Huawei နဲ့ ZTE တို့ကို အမျိုးသားလုံခြုံရေးအန္တရာယ်တွေအဖြစ် သတ်မှတ်ကြောင်း မဲပေးလိုက်ပါတယ်။

သောကြာနေ့က FCC ရဲ့ မဲခွဲမှုမှာ Huawei နဲ့ ZTE တို့ကို အမျိုးသားလုံခြုံရေးအတွက် ဘေးအန္တရာယ်တွေအဖြစ် ၅ မဲ- ၀ မဲနဲ့ သတ်မှတ်ခဲ့တာ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ အခုလို မဲခွဲသတ်မှတ်မှုကြောင့် ဒေါ်လာ ၈.၅ ဘီလျံတန် FCC ရဲ့ နှစ်စဉ် Universal Service Fund အထောက်အပံ့ခံ အမေရိကန် ကျေးလက်တယ်လီကွန်းအော်ပရေတာတွေဟာ Huawei နဲ့ ZTE တို့ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။


Photo: techcrunch

Universal Service Fund ဟာ အိမ်ထောင်စုတွေ ၊ စာကြည့်တိုက်တွေနဲ့ စာသင်ကျောင်းတွေမှာ ဝန်ဆောင်မှုပေးနေတဲ့ ကျေးလက်တယ်လီကွန်းအော်ပရေတာတွေကို ငွေကြေးအထောက်အပံ့ပေးနေတာပါ။ " အမေရိကန်ရဲ့ လုံခြုံရေး နဲ့ ကျွန်တော်တို့ရဲ့ အနာဂါတ်အပေါ် Huawei နဲ့ ZTE တို့ဟာ ခြိမ်းခြောက်မှု ရှိလာတာကြောင့် FCC အနေနဲ့ ဘေးထွက်ထိုင်ကြည့်နေလို့ မဖြစ်ပါဘူး။ ဒါက နိုင်ငံရေးပြဿနာတစ်ခု မဟုတ်ပါဘူး။ " လို့ FCC ရဲ့ ဥက္ကဌ အဂျစ်ပိုင်က ဆိုပါတယ်။

Huawei နဲ့ ZTE တို့ အနေနဲ့ အခုလို အမျိုးသားလုံခြုံရေး အန္တရာယ်စာရင်းမှာ ထည့်သွင်းခံရမှုကို ခုခံငြင်းဆိုဖို့ ရက် ၃၀ အချိန်ရမယ်လို့လည်း သိရပါတယ်။FCC ဟာ Huawei နဲ့ ZTE တို့ရဲ့ ပစ္စည်းအစိတ်အပိုင်းတွေ အသုံးပြုနေတဲ့ ကျေးလက်တယ်လီကွန်းများကို ဆက်မသုံးဖို့နဲ့ တစ်ခြား တယ်လီကွန်းကုမ္ပဏီတွေရဲ့ ပစ္စည်းတွေကို အစားထိုး သုံးစွဲဖို့လည်း အဆိုတစ်ခု တင်သွင်းထားပါတယ်။

FCC ကော်မရှင်နာမင်းကြီး ဂျော်ဖရီစတာ့ခ်စ်ရဲ့ အဆိုအရ လက်ရှိ Huawei နဲ့ ZTE ပစ္စည်းအစိတ်အပိုင်းတွေကို ဖယ်ရှားအစားထိုးဖို့အတွက် ဒေါ်လာ ၂ ဘီလျံအထိ ကုန်ကျဖို့ ရှိတယ်လို့ ဆိုပါတယ်။ ကွန်ရက်ပစ္စည်းအစိတ်အပိုင်းတွေကို ဖယ်ရှားအစားထိုးတဲ့ လုပ်ငန်းစဉ်အတွက် အော်ပရေတာတွေကို အမေရိကန်ဘက်က ဒေါ်လာ ၁ ဘီလျံအထိ ရန်ပုံငွေ ခွဲဝေချထားပေးဖို့ ရှိပါတယ်။


Photo: SCMP

တစ်ခုရှိတာက Huawei နဲ့ ZTE တယ်လီကွန်းပစ္စည်းတွေကို ဖယ်ရှားဖို့ အမိန့်ဟာ လာမယ့် ၂၀၂၀ အထိ အမိန့်ကျလာဖို့ မရှိသေးပါဘူး။ Huawei ဘက်ကတော့ ဒီအမိန့်ဟာ ဥပဒေနဲ့ မညီသလို FCC ရဲ့ ဆုံးဖြတ်ချက်ဟာ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ထင်ကြေးနဲ့ ကောက်ချက်တွေပေါ် အခြေခံထားတယ်လို့ တုန့်ပြန်ထားသလို မှားယွင်းနေတဲ့ ဒီအမိန့်ကို ပြန်စဉ်းစားဖို့လည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာပဲ အမေရိကန် စီးပွားကူးသန်းဌာနဟာ Huawei ကို တတိယအကြိမ် ဖြေလျှော့အရေးမှုတစ်ရပ်အနေနဲ့ Huawei နဲ့ စီးပွားရေးလုပ်မယ့် အမေရိကန်ကုမ္ပဏီတွေကို ရက် ၉၀ အထွေထွေ ယာယီလိုင်စင်တစ်ခု ထုတ်ပေးခဲ့ပါတယ်။ အမေရိကန်မှာ ရှိတဲ့ ကျေးလက် တယ်လီကွန်းအော်ပရေတာတစ်ချို့ဟာ 3G နဲ့ 4G ကွန်ရက်တွေအတွက် Huawei ပေါ် မှီခိုအားထားနေပါတယ်။


loading...

က္က